February 23, 2009

Hide Local Disk

မိမိ၏ ကွန်ပျူတာထဲတွင်ရှိသော Local Diskများအား ဖျက်လိုပါက ...

၁) Desktopပေါ်တွင်ရှိသော My Computer Iconပေါ်တွင် R-clickနှိပ်၍ Manageကိုနှိပ်ပါ။

၂) Computer Management အောက်တွင် Disk Managementကို နှိပ်ပါ။

၃) အလယ် panelတွင် Locla Disk (C)နှင့် (D)ကို တွေ့ပါလိမ့်မည်။ Local Disk (D)ပေါ်တွင် R-clickနှိပ်၍ ပေါ်လာသော Menuမှ Change Drive letters and pathsကို နှိပ်ပါ။


၎) Dialog boxထွက်လာသောအခါ Remove ကိုနှိပ်၍ OKကိုနှိပ်ပါ။ ဖွက်ထားလိုက်ပါပြီ။ ပုံအတိုင်း ပျောက်သွားပါပြီ။






၅) ပြန်ဖေါ်လိုပါက - Computer Management > Disk Managment > R-click " " > Change Drive Letters and pahtsနှိပ်ပါ။

၆) နောက် Dialog boxတွင် Addကို နှိပ်ပါ။


၇) နောက် dialog box တစ်ခုတွင် Addလုပ်ရန် Dကို ရွေးထားသဖြင့် Ok နှိပ်ရုံပါ။ ဒါဆိုရင် D ပြန်ပေါ်လာပါပြီ။

Comment လေးများ ပေးသွားပါဦးလား။
ဆက်ဖတ်ရန်

February 22, 2009

Creating User Accounts - Part 3

ဤသင်ခန်းစာနှင့် ပတ်သတ်၍ တင်ပြဖို့ အချိန်ကြာသွားပါသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၀၉ Januaryလက ထုတ်လွင့်သော Windows 7ကို စိတ်ဝင်စားသွားပြီး ကျွန်တော့်ရဲ့ ကွန်ပျူတာမှာလည်း Windows 7 တင်ဖြစ်လိုက်တယ်။ ကျွန်တော့အမြင်မှာတော့ Window Vistaထက် ကောင်းတယ်လို့ ထင်ပါတယ်။ ပို၍ မြန်ဆန်လာပါတယ်။ Vistaကို သုံးရတာ သိပ်အဆင်မပြေဘူး။ မဆင်မပြေတာက XPလောက် မကောင်းလို့ပါ။ တော်သေးပါရဲ့ မ၀ယ်ဖြစ်တာ။ ကဲ ကောင်းပြီ။ Windows 7 နဲ့ပဲ တင်ပြသွားပါမယ်။

User Account ဖန်တီးရန် ....

၁) Desktopပေါ်မှာရှိတဲ့ My Computer Iconပေါ်တွင် R-clickနှိပ်၍ ပေါ်လာသည့် Menuမှ Manageကို နှိပ်ပါ။

၂) Computer Management Windowမှ Left panelတွင် Local Users and Groupsအောက်မှ User ကိုနှိပ်ပါ။

၃) ထို့နောက် Users panelတွင် လွတ်နေသော နေရာ၌ R-clickနှိပ်၍ ပေါ်လာသော Menuမှ New Userကို
နှိပ်ပါ။


၎) New User dialog boxတွင် User name, Full name, Description, Password, Confirm passwordတို့
ကို မိမိလိုသလို ရိုက်ထည့်လိုက်ပါ။ ပုံတွင် ပြထားသည့်အတိုင်း ကိုးကားပါ။ ထို့နောက် Confirm password
အောက်တွင် User cannot change password (သို့) Password never expiresကို ရွေးပါ။ ထို့နောက်
Create ကို နှိပ်ပါ။ ပြီးက Close buttonကို နှိပ်ပါ။ ဖန်တီးပြီးသွားပါပြီ။ သို့သော် ထိုuserသည် ရိုးရိုး User
သာဖြစ်သည်။



- မိမိပြုလုပ်လိုက်သော Userပေါ်တွင် R-clickနှိပ်၍ Propertiesကို နှိပ်လိုက်ပါ။


၆) Moe properties dialog box တွင် Tab သုံးခုမှ Member of tabကို နှိပ်လိုက်၍ Add buttonကို
ဆက်နှိပ်ပါ။


၇) ထို့နောက် Select Groups dialog boxမှ Advancedကို ဆက်နှိပ်ပါ။ ထို့နောက် Select Groups dialog
box နောက်တစ်ခုပေါ်လာပါမည်။

- ထို dialog boxမှ Find now ကိုနှိပ်၍ မိမိ ပေးလိုသော User typeကို ရွေးချယ်လိုက်ပါ။ ဥပမာ -
Administrator ဆိုပါစို့။ ရွေးချယ်ပြီးက Ok ကိုနှိပ်ပါ။ နောက် Okကို ဆက်နှိပ်ပါ။


၈) ဒါဆိုရင် User type ယူပြီးသွားပါပြီ။ မိမိ၏ User groupသည် နှစ်ခုဖြစ်နေပါသည်။ ၄င်းတို့မှာ
Administratorနှင့် Usersတို့ဖြစ်သည်။ Userကို ဖျက်ပစ်နိုင်ပါသည်။

၉) ဖျက်ပစ်ရန် - Moe properties dialog boxမှ Userကို Selectလုပ်၍ Removeနှိပ်ပါ။ ထို့နောက် Apply
နှိပ်၍ Ok ဆက်နှိပ်ပါ။ ပြီးပါပြီ။

မှတ်ချက်။ ။ သင်သည် User ကန့်သတ်ချက်နှင့် ပတ်သတ်၍ Userတစ်ခု၏ လုပ်ဆောင်နိုင်မှု အချက် အလက်များကို ကန့်သတ်နိုင်ပါသည်။ ဥပမာ- Administrator, Power User, Local User, User စသည်ဖြင့် သတ်မှတ်နိုင်ပါသည်။


Comment လေးများ ဖတ်ချင်ပါတယ်။
ဆက်ဖတ်ရန်

February 16, 2009

Create a user with CMD - Part 2

ယခု postသည် မိမိကွန်ပျူတာတွင် CMDဖြင့် အလွယ်တကူ Userအသစ် ပြုလုပ်နည်းဖြစ်သည်။ ဤ Userသည် Limited accountသာဖြစ်သည်။ သို့သော် passwordဖန်တီးနိုင်ပါသည်။

CMDဖြင့် Userအသစ်ဆောက်ရန်...

(၁) Windows Logo + R နှိပ်၍ "cmd"အားရိုက်ထည့်ပါ။ Ok နှိပ်ပါ။
(၂) Cmd window တက်လာသောအခါ အောက်ပါစာသားအား ရိုက်ထည့်ပါ။
- net user Username /ADD
- net user ရိုက်ထည့်၊ Username ရိုက်ထည့်၊ /Add ရိုက်ထည့်။


ထို့နောက် Enterခေါက်ပါ။ ဖန်တီးပြီးသွားပါပြီ။

CMDဖြင့် User password ဖန်တီးရန်...

(၁) CMD windowတွင် "net user" ရိုက်ထည့်၍ Enterခေါက်ပါ။ ထို့နောက် မိမိကွန်ပျူတာတွင်ရှိသော User
မှန်သမျှအား ဖော်ပြပေးပါမည်။
(၂) မိမိ passwordဖန်တီးလိုသော Userအတွက် အောက်ပါ commandကို ရိုက်ထည့်ပါ။ ဥပမာ - Zaw
ဆိုသည့် Userဆိုပါစို့။
- net user Zaw password
- net user ရိုက်ထည့်၊ Zaw ဆိုသည့် Usernameရိုက်ထည့်၊ မိမိထည့်လိုသော password ရိုက်ထည့်။
ထို့နောက် Enterခေါက်ပါ။ password ဖန်တီးပြီးသွားပါပြီ။

မှတ်ချက်။ ။ Administrator account typeပြောင်းလိုက Control panelထဲတွင် ပြုလုပ်နိုင်ပါသည်။

{ Create a new user - part 3အား ဆက်လက်လေ့လာပါ။ }
ဆက်ဖတ်ရန်

February 15, 2009

How to Create User in XP (Part 1)

Windows XP userအနေနဲ့ တချို့က သိပြီးသား ဖြစ်မှာပါ။ ကျနော်သည် Windows Vistaကို မကြိုက်တဲ့အတွက် XPကိုသာ ဆက်သုံးနေပါသည်။ Windows 7ကို Vistaထက် ပိုနှစ်သက်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် XPကို အနည်းဆုံး 2015အထိ ဆက်သုံးဦးမှာဆိုတော့ အခြေခံလေ့လာသူအနေနဲ့ ဒီpostလေးကို တင်ပေးလိုက်ပါတယ်။
User အသစ်ဖန်တီးမယ်ဆိုရင်..

၁) Control Panel ထဲသို့သွားပါ။
၂) User Accountကို နှိပ်ပါ။ User Account window အောက်တွင် Pick a taskမှ Create a new accountကိုနှိပ်ပါ။


၃) ထို့နောက် User accountတွင် Name the new account boxတွင် မိမိပေးလိုသောအမည်ကို ရိုက်ထည့်ပါ။
Next နှိပ်ပါ။
၎) Pick an account type - User လုပ်ပိုင်ခွင့်ကို ရွေးချယ်ရမည်ဖြစ်သည်။ ထို့နောက် Create account
buttonကို နှိပ်ပါ။(က) Computer Administrator - အုပ်ချုပ်ရေးမှူး
- Create, change and delete accounts (accountများ ဖန်တီး၊ ပြောင်းလဲခြင်းနှင့် ဖျက်ပစ်ခြင်း)
- Make System wide changes - (systemပိုင်းဆိုင်ရာများ ပြောင်းလဲနိုင်ခြင်း)
- Install programs and accept all files (programများ ထည့်သွင်းခြင်းနှင့် ဖိုင်းများအားလုံး
လက်ခံနိုင်ခြင်း)
(ခ) Limited (ကန့်သတ်)
- မိမိ accountကိုသာ ပြင်ဆင်နိုင်၊ မိမိစကားဝှက်များ ပြောင်းလဲနိုင်သည်။
- မိမိပုံ၊ Themeနှင့် အခြား Desktop ပြင်ဆင်ချက်များ ပြုလုပ်နိုင်။
- မိမိဖန်တီးထားသောဖိုင်များ ကြည့်နိုင်၊ ပြုပြင်နိုင်သည်။
- အခြား Userမှ Shareလုပ်ထားသော filesများ ကြည့်နိုင်သည်။
Programပေါ်မူတည်ပြီး မိမိUserထဲတွင် ထည့်လိုသော programများ ကန့်သတ်ထားသည်။

၅) Accountဖွင့်ပြီးပါပြီ။ သို့သော် အခြားပြင်ဆင်စရာများ ရှိပါသေးသည်။ ထို့နောက် မိမိပြုလုပ်ထားသော Userအား နှိပ်ပါ။
What do you want to change about Zaw Zaw's account? တွင်

- Change the name - အမည်ပြောင်းနိုင်ခြင်း
- Create a password - စကားဝှက် ပြောင်းနိုင်ခြင်း
- Change the picture - ပုံပြောင်းနိုင်ခြင်း
- Change the account type - လုပ်ပိုင်ခွင့်များ ပြောင်းနိုင်ခြင်း
- Delete the account - accountအား ဖျက်ပစ်နိုင်ခြင်းများအား မိမိလိုသလို ပြင်ဆင်ပါ။

Create a password - မိမိ Userလုံခြုံနိုင်ရန်အတွက် စကားဝှက်သည် အဓိကကျပါသည်။ သို့သော် မိမိuserသည် Administrator priviledgeရထားပါက privateလုပ်ထားသင့်သည်။ အဘယ်ကြောင့်ဆိုသော် အခြား Userသည် Administrator ဖြစ်ပါက သင်၏ အချက်အလက်များ လုံခြုံမှု မရှိတော့ပါ။

- type a new password
- type the new password again to confirm
- type a word or phrase to use as a password hint (မိမိ စကားဝှက်အား မှတ်မိလွယ်စေရန် password
hint အတွက် စကားလုံး (သို့) စကားစု ရိုက်ထည့်ပါ။
ထို့နောက် Create passwordကို နှိပ်ပါ။
{ Create New User Account - Part (2)အား ဆက်လက် လေ့လာပါ။ }
ဆက်ဖတ်ရန်

February 7, 2009

Net Send In XP

Net Sendဆိုတာ Networkပေါ်တွင်ရှိသော ကွန်ပျူတာများ တစ်လုံးနှင့်တစ်လုံး Messageများ လှမ်းပို့နိုင်သည့် Commandဖြစ်သည်။ Windows XP SP2၌ Net Sendသည် တစ်ကြီမ်တည်းတွင် အလုပ်မလုပ်ပါ။ အဘယ်ကြောင့်ဆိုသော် XP SP2သည် Messanger Serviceကို ပိတ်ထားခြင်းဖြစ်သည်။ Net Sendအသုံးပြုရန်အတွက် ၄င်း Serviceကို ပြန်ဖွင့်ဖို့ လိုပါတယ်။ ၄င်း Serviceကို ဖွင့်ရန်....
(၁) Windows Logo + Rနှိပ်၍ services.mscကို ရိုက်ထည့်ကာ okကို clickလုပ်ပါ။
(၂) Services Windowပေါ်လာပြီး Messanger serviceကိုရှာပါ။ Disableလုပ်ထားတာကို တွေ့ရပါလိမ့်မည်။
(၃) Enableလုပ်နိုင်ရန်အတွက် ထို Messangerပေါ်တွင် R-clickနှိပ်၍ ပေါ်လာသော Menuမှ Propertiesကို ဆက်နှိပ်ပါ။
(၄) ပုံတွင်ဖော်ပြထားသည့်အတိုင်း Enable/Automaticရွေး၍ Okနှိပ်ပါ။ ထို့နောက် Services Local အောက်တွင် Serviceကိုဖွင့်ရန် Startကို နှိပ်ပါ။ Services Windowကို ပိတ်လိုက်ပါ။ ဒါဆို ဖွင့်ပြီးသွားပါပြီ။

Net Sendလုပ်ရန်...
(၁) Windows Logo + Rနှိပ်၍ CMDကို ရိုက်ထည့်ပါ။
(၂) Cmd.exe Windowတက်လာသော အခါ အောက်ပါ Net Send commandကို ရိုက်ထည့်ပါ။ ပုံအတိုင်းကြည့်ပါ။

( net send COM1 Hi! How are you? R U busy?)

- net send သည် net send commandအမည်

- COM1သည် ကွန်ပျူတာအမည်

- Hi How are you? R u busy? သည် မိမိရိုက်လိုသော Messageဖြစ်သည်။


(၃) ရိုက်ထည့်ပြီးက Enterခေါက်လိုက်ပါ။
(၄) မိမိ၏ Messageသည့် အခြားကွန်ပျူတာ၏ screen ပေါ်တွင် Message boxပေါ်လာပါလိမ့်မည်။


မှတ်ချက်။ net sendလုပ်နိုင်ရန် မိမိနှင့် အခြားကွန်ပျူတာများသည် Administrator rightsရှိရမည်။

Messanger serviceကို ကွန်ပျူတာ အားလုံးဖွင့်ရမည်။

ဆက်ဖတ်ရန်

Setup Home or Small Office Network

ဒီအကြောင်းအရာကို မတင်တော့ဘူးလို့ အရင်က စဉ်းစားခဲ့တယ်။ ဒါပေမယ့် ပြောပြခဲ့တဲ့ အကြောင်းအရာတွေကော၊ အသစ်တင်တဲ့ အကြောင်းအရာတွေပါ ဒီအကြောင်းအရာနဲ့ အများကြီး ပါတ်သတ်နေပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် စိုက်ထားတဲ့သစ်ပင် အသီးဝေဆာအောင် ပျိုးထောင်ရမယ်လေ။
ရုံးတစ်ရုံးဖြစ်ဖြစ်၊ အိပ်တစ်အိမ် အတွင်း အနီးဆက် ကွန်ပျူတာကွန်ယက် ချိပ်ဆက်နိုင်ရန် မိမိတွင်..
(က) Modem၊ (ခ) Switch/Hub၊ (ဂ) RJ45၊ (ဃ) Network Wire cables၊ (င) Network Card၊ (စ) NIC - Network Operating Systemများ လိုအပ်ပါသည်။ အင်တာနက်ရပြီးသား ကွန်ပျူတာများအတွက် တပ်ဆင်ပြီးသား ဖြစ်ပါသည်။
Stetup Home of Small Officeကို စတင်ချိပ်ဆက်မယ်ဆိုရင် ဦးစွာ ....
၁။ Desktopပေါ်တွင်ရှိသော My Network Placesကို ဖွင့်ပါ။

၂။ ပေါ်လာသော Windowsမှ Right Panelတွင် Setup a Home or Small Office Networkကိုနှိပ်ပါ။
၃။ Welcome dialog boxပေါ်လာသောအခါ Next ကိုနှိပ်ပါ။ Welcome boxတွင် သင်လုပ်နိုင်သည့် အရာများကို ဖော်ပြထားပါသည်။
(a) Share an internet connection
(b) Set up Windows Firewall
(c) Share files and folders
(d) Share printers။ မှတ်ချက်။ ။ ဖော်ပြချက်တွင် မပါသည့်အရာများ ရှိပါသည်။ ဥပမာ- Share hardware such as CD-Drive, Local Disk, USB Memory stick/card/ External HDDစသည်တို့ကို ပြုလုပ်နိုင်ပါသည်။

၎။ နောက်စာမျက်နှာတွင် Checklist for creating Networkအတွက် စစ်ဆေးရမည့် အချက်အလက်များ ဖြစ်သည်။ ဥပမာ -
(a) Install Network cards, Modems, and cables စသည့် စက်ပစ္စည်းများတပ်ဆင်ထားရမည်။
(b) Turn on all computers, printers, and external modemsများကို ဖွင့်ထားရပါမည်။
(c) Connect to the internet - အင်တာနက်ချိပ်ဆက်မှု ရှိရမည်။
ထို့နောက် Nextကို နှိပ်ပါ။
၅။ ထို့နောက် connection methodကို ရွေးရပါမည်။ များသောအားဖြင့် Small officeသည် ဒုတိယ connection methodကို ရွေးလေ့ရှိသည်။ ထို့နောက် nextကိုနှိပ်ပါ။ ဆိုလိုသည်မှာ ..

> This computer connects to the internet through a residential gateway or through another computer on my network. ဤကွန်ပျူတာသည် အင်တာနက် connectionကို Residential gateway သို့ အခြားကွန်ပျူတာမှ ရရှိသည်။

၆။ နောက်တဆင့်သည် computer ဖော်ပြချက်နှင့် အမည်ကို ပေးရပါမည်။ ထို့နောက် Nextကို နှိပ်ပါ။ အောက်ပါပုံအား ကြည့်ပါ။

၇။ နောက်တစ်မျက်နှာသည် Workgroud Nameပေးရပါမည်။ Workgroup nameရိုက်ထည့်၍ Nextကို နှိပ်ပါ။


၈။ ထို့နောက် Files and Printers sharingလုပ်နိုင်ရန်အတွက် ဖွင့်၏၊ မဖွင့်၏ကို ရွေးရပါမည်။ ပေးထားသည့်အတိုင်း ထားထား၍ Nextကိုနှိပ်ပါ။
၉။ နောက်စာမျက်နှာသည် မိမိလုပ်ထားသည့် Network settingsများကို ဖော်ပြထား၍ အသင့်အနေအထား ရှိနေကြောင်းကို ပြောပြပါသည်။ Nextကိုနှိပ်ပါ။

၁၀။ ဤအဆင့်သည့် setting upလုပ်ပါသည်။ နောက်ဆုံးအဆင့်ဖြစ်သည့် You're almost done၌ Just finish the wizard ကို အမှန်ခြစ်ပြ၍ Nextကိုနှိပ်ပါ။
၁၁။ Finished ကိုနှိပ်၍ Computerအား Rebootလုပ်ပါ။

၁၂။ ကွန်ပျူတာ ပြန်တက်လာသောအခါ My Networl places > View Workgroup computerအား နှိပ်ပါက Network ချိပ်ဆက်မှုရှိသော ကွန်ပျူတာများကို တွေ့ရပါလိမ်မည်။

မှတ်ချက်။ ။ ဤ Network Setupသည့် Windows XPဖြင့် Setupလုပ်ပါသဖြင့် XPဖြင့်သာ တင်ပြသွားပါသည်။
ဆက်ဖတ်ရန်
Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts