January 8, 2009

Statistics Widget for Blogger ထည့်ကြမယ်

Statistics Widget for Blogger ဆိုတာ မိမိ၏ Blogထဲတွင် Postingအရေအတွက်နှင့် Comment အရေအတွက်တို့ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ထည့်ချင်တယ်ဆိုရင်
  • Blogger Account ထဲဝင်ပါ။ Layout tabကိုနှိပ်၍ Add a Gadgetကိုနှိပ်ပါ။
  • HTML/JavaScript Widgetကိုနှိပ်၍ အောက်ပါ codeကို ကူးယူ၍ pasteလုပ်ပါ။ အစိမ်းရောင် ပြထားသည့် လိပ်စာတွင် မိမိ၏ Blogလိပ်စာ ထည့်လိုက်ပါ။
...................................................................................................

<script style="text/javascript">
function numberOfPosts(json) {
document.write('Total Posts: <b>' + json.feed.openSearch$totalResults.$t + '</b><br>');

}
function numberOfComments(json) {
document.write('Total Comments: <b>' + json.feed.openSearch$totalResults.$t + '</b><br>');
}
</script>

<ul><li><script src="http://yourblog.blogspot.com/feeds/posts/default?alt=json-in-script&callback=numberOfPosts"></script></li>
<li><script src="http://yourblog.blogspot.com/feeds/comments/default?alt=json-in-script&callback=numberOfComments"></script></li></ul>
....................................................................................................................................


  • Saveနှိပ်ပါ။
ဆက်ဖတ်ရန်

January 4, 2009

Net Meeting အကြောင်းတစေ့တစောင်း

Net Meeting ဆိုတာ Networkတစ်ခုမှာ ကွန်ပျူတာများနဲ့ အစည်းအဝေးလုပ်လို့ရတဲ့ နည်းပညာတစ်ခုပါ။ ဒါကို တပည့်တွေနဲ့အတူ လုပ်ခဲ့တာနဲ့ပတ်သတ်ပြီး တပည့်တွေက အဝေးတစ်နေရာဘဲ ရောက်ရောက် ပြန်ကြည့်နိုင်အောင် တင်ဖို့ တောင်းဆိုထားပါတယ်။ Net Meetingနဲ့ ပတ်သတ်ပြီး သိထားသူလည်းရှိသလို မသိသေးတဲ့ ကွန်ပျူတာပိုးတွေအတွက် လေ့လာရအောင်လို့ပါ။
Net Meeting နဲ့ပတ်သတ်ပြီး သင်လုပ်နိုင်သောအရာများမှာ Transfer files, Whiteboard, Chat(English), Share Programs, Speaking, Recording Sound and Webcanများဖြစ်ကြပါသည်။
  1. Windows Logo + R နှိပ်၍ "conf" ရိုက်ထည့်ပြီး Enterနှိပ်ပါ။ ဒီ dialog boxလေး ထွက်လာပါမည်။ Next နှိပ်ပါ။

  2. My directory information box လေးထွက်လာပါမည်။ မိမိ၏ အချက်အလက်များ ရိုက်ထည့်ပါ။ သို့မှသာလျှင် အခြားကွန်ပျူတာမှ သင်၏ အချက်အလက်များကို သိနိုင်မည်။ ထို့နောက် Nextကို နှိပ်ပါ။

  3. နောက် dialog boxတစ်ခုမှာ > Log on to a directory server when NetMeeting starts (NetMeeting ဖွင့်လိုက်သည့်အခါ directory serverထဲကို ၀င်ဖို့ပါ)။ > Do not list my name in the directory (Directoryထဲမှာ မိမိ၏ Name ကို မဖော်ပြရန် တောင်းဆိုတာပါ)။ ဒါကို အမှန်ခြစ် ဖြုတ်နိုင်ပါတယ်။ ထို့နောက် Nextကို နှိပ်ပါ။

  4. နောက် Dialog boxက မိမိ၏ Connection speedကို ရွေးခိုင်းတာပါ။ ကျနော်က Local Area Connectionကို သုံးပါမယ်။ ထို့နောက် Nextကို နှိပ်ပါ။

  5. နောက်တစ်ဆင့်က NetMeeting Iconကို ဘယ်မှာထားချင်တယ် ဆိုတဲ့ ရွေးချယ်မှုပါ။ Desktopမှာ ထားချင်တယ်၊ Quick Launchမှာ ထားချင်တယ်ဆိုတဲ့ ရွေးချယ်မှုပါ။ ရွေးချယ်ပြီးက Nextကို နှိပ်ပါ။

  6. နောက်တစ်ဆင့်က Audio Tuningအတွက် အသံနဲ့ပတ်သတ်တဲ့ Programကို ဖွင့်ထားခဲ့ရင် ပိတ်ဖို့ အသိပေးထားချက်ပါ။

  7. ဒီအဆင့်မှာတော့ Audioအတွက် သင့်စက်ထဲတွင်ရှိသော Wave deviceကို မှန်၊ မှန်ရွေးချယ် ခိုင်းတာပါ။ Recording and Playebackမှာ ရွေးနိုင်ပါတယ်။ မိမိ၏ deviceအား ဖော်ပြထားပြီးသားပါ။ ထို့နောက် Nextကိုနှိပ်ပါ။

  8. ဒီအဆင့်မှာတော့ သင့်၏ speakerနဲ့ headphoneအား ကွန်ပျူတာနဲ့ ချိပ်ဆက်မှု ရှိ၊ မရှိနဲ့ playback အတွက် လက်ခံ၊ မခံ စစ်ဆေးတာပါ။ ပြီးက Nextကိုနှိပ်ပါ။

  9. ဒီအဆင့်မှာတော့ မိမိ၏ Microphone၏ အသံအလုပ် လုပ်၊ မလုပ်နဲ့ သင့်တော်မှု ရှိ၊ မရှိ စစ်ဆေးတာပါ။ သင်ကိုယ်တိုင်လည်း " " ထဲတွင်ရှိသော စာသားအား ပြောကြည့်ရပါမည်။ ထိုအချိန်တွင် အစိမ်းရောင် အသံလှိုင်း ထွက်လာပါမည်။

  10. ထို့နောက် Tuning ပြီးကြောင်း ဖေါ်ပြပြီး Finish ကိုနှိပ်ပါ။
  11. NetMeeting dialog boxထွက်လာပါပြီ။ ကျနော်က Networkမှာရှိတဲ့ ကွန်ပျူတာတွေနဲ့ပဲ Meeting လုပ်ပါမယ်။ ထို့ကြောင့် Meeting လုပ်နိုင်ဖို့အတွက် အခြားကွန်ပျူတာရဲ့ IP addressကို သိရပါမယ်။ အခြား users များရဲ့ IP addressကို သိချင်ရင် Net Sendနဲ့ လှမ်းတောင်နိုင်ပါတယ်။ ရသော IP addressကို Phone buttonရဲ့ boxထဲမှာ ရိုက်ထည့်၍ ထို buttonအား နှိပ်ပါ။ မိမိသည် အခြား Userမှ ခေါ်လာခဲ့ရင် Automatic acceptလုပ်နိုင်ရန် Call menu> Automatic accept callsကို နှိပ်ထားပါ။ ခေါ်နေစဉ်အတွင်း ဖုန်းရဲ့ Ringအသံကို ကြားရပါမယ်။ အခြားကွန်ပျူတာမှလည်း လက်ခံရန် dialog box ပေါ်လာပါဦးမယ်။ ထိုလူမှ Acceptလုပ်ရန် Response လုပ်ရပါမယ်။ ဒါဆို အဆက်သွယ် ရပါပြီ။ Name ရဲ့ အောက်မှာ Meeting ထိုင်နေတဲ့ လူတွေရဲ့ အမည်ကို ဖေါ်ပြသွားပါမယ်။


  12. ပထမဦးဆုံး Transfer filesကို တင်ပြသွားပါမယ်။ buttonကိုနှိပ်လိုက်ပါ။ အောက်ဖေါ်ပြပါ ပုံအတိုင်း ဆက်လုပ်ပါ။ ပထမ fileကို Addလုပ်ပါ။ ဒုတိယ -ထည့်သွင်းလိုက်သော fileများကို selectလုပ်ပါ။ တတိယ ပို့မည့် Userကို ရွေးပါ။ (အားလုံး ပို့မယ်ဆိုရင် Allနှိပ်ပါ။)။ တတိယ Transferလုပ်ပါ။ မှတ်ချက် - File menuမှ လည်း လိုအပ်သလို သုံးနိုင်ပါတယ်။

  13. နောက် buttonတစ်ခုက Whiteboardပါ။ Whiteboardကို နှိပ်လိုက်ရင် အခြားUserရဲ့ computer မှာလည်း ပေါ်ပါမယ်။ မိမိ ကြိုက်တာရေး၊ ဆွဲပါ။ အခြားသူ ရေးဆွဲတာကိုလည်း တွေ့ရလိမ့်မယ်။

  14. နောက် buttonတစ်ခုက Chatလုပ်တဲ့ အခန်းပါ။ မိမိ ပြောလိုသော၊ ရိုက်လိုသော စာကို Message: အောက်တွင် ရိုက်ထည့်ပါ။ Send to ဆိုတာ မိမိ ပိုရမည့် User၏အမည်ကို ရွေးရမည်။ ကွန်ပျူတာမှ All ဆိုတာကို ဖော်ပြပါမည်။ အားလုံးကို Conference အနေနဲ့ chattingလုပ်နိုင်ပါသည်။ အကယ်၍ တစ်ဦး တစ်ယောက်ကိုသာ ပို့လိုပါက သွားရွေးရပါမည်။



နောက်ဆုံ buttonတစ်ခုက Share Programsဖြစ်ပါတယ်။ မိမိ shareလုပ်လိုသော programအား အခြား usersများ သုံးနိုင်ရန် ခွင့်ပေးခြင်းဖြစ်သည်။ ဦးစွာ- မိမိ shareလုပ်လိုသော programကို select လုပ်၍ Share buttonကို နှိပ်ရမည်။ Share in true colorသည် Resolution ကောင်းမွန်စွာ ကြည့်နိုင်ရန်အတွက် အမှန်ခြစ်ပြထားရပါမည်။ သို့သော် မိမိ၏ graphic နဲ့ speed ကောင်းမွန်ပါက ပိုသင့်တော်ပါသည်။ Allow controlသည် အခြား userအား အသုံးပြုခွင့် ပေးခြင်းဖြစ်သည်။ Share မလုပ်လိုပါက Unshare ပြန်နှိပ်ပါ။

မှတ်ချက်။ ။

  • NetMeeting လုပ်မည်ဆိုက မိမိကွန်ပျူတာ၏ Userသည် Administrator Rights ရရှိထားရမည်။
  • Control panel မှ Firewall ဖွင့်ထားရမည်။ Windows Firewallမှ Exception tabတွင် Windows NetMeeting ဖွင့်ထားမှု ရှိရပါမည်။
  • NetMeeting စဖွင့်ပါက Windows Security Alertsမှ NetMeetingအား Lock/ Unlockလုပ်ရန် တောင်းဆိုပါမည်။ Unlock လုပ်ရမည်။
  • Service ဖွင့်ရပါမည်။ NetMeeting Remote Desktop Sharing serviceကို ဖွင့်ပါ။

ဆက်လက်ဖော်ပြရန်ရှိသည်။

ဆက်ဖတ်ရန်

January 1, 2009

Camera Iconဖြစ်ပေါ်ပြီး ကွန်ပျုတာကို ထိခိုက်နှောင့်ယှက်သော ဗိုင်းရပ်တစ်မျိုး

ယခုရက်ပိုင်းအတွင်း Gtalkအသုံးပြုသူများထံသို့ Camera Icon ဖြစ်ပေါ်ပြီး ကွန်ပျုတာကို ထိခိုက် နှောင့်ယှက်သော Virusတစ်မျိုး ပါရှိသည့် Message Linkများ ရောက်ရှိလျှက်ရှိကြောင်း သိရသည်။

အဆိုပါ Virusပါရှိသော Message Linkများသည် Gtalkများ အတွင်းသို့ အလိုအလျောက် ၀င်ရောက်လာပြီး ၄င်း Messageတွင် "Waiting for you, view my private cam via secured connection http://h1.ripway.com/db3/privateCam-vol.1.exe " ဟု ဖော်ပြပါရှိကြောင်း သိရသည်။
၎င်း Message linkသည် Private Camera.exe fileကို Download လုပ်ယူရန် ပေးထားခြင်းဖြစ်ပြီး Download လုပ်ယူမိပါက Camera Iconတစ်ခု ပေါ်လာကြောင်း သိရသည်။ ၄င်း Virusသည့် Downloadလုပ်ပြီး နောက်ပိုင်းတွင် မိမိGtalk ထဲရှိ တစ်ဦးချင်းစီကို အလိုအလျောက်ဖွင့်၍ စကားပြောတတ်ကြောင်းနှင့် အလိုအလျောက် Chattingနေစဉ် ကွန်ပျုတာကို အသုံးပြု၍ မရကြောင်းသိရသည်။
ထို့အပြင် အဆိုပါ Virusသည့် ကွန်ပျုတာရှိ Folder Namerများကို ယူ၍ Folder name.exeအဖြစ် ပြောင်းလဲ ပွားများတတ်ပြီး Task Managerနှင့် Registry Editorတို့ကို Disable လုပ်ပိတ်ထားတတ်ကြောင်း သိရသည်။ အဆိုပါ Virusပါ Message Link များသည် Gtalkများထံ အလိုအလျောက် ၀င်ရောက်လျက်ရှိရာ Gtalk အသုံးပြုသူများ အနေဖြင့် ၄င်းMessage ၀င်ရောက်လာပါက အထူးသတိပြု၍ မဖွင့်မိ (Download) မလုပ်မိရန် အထူး သတိပေးလိုက်ပါသည်။ စာရေးသူအနေနဲ့လည်း ဘော်ဒါများကွန်ပျုတာနဲ့ အခြား Internetဆိုင်များတွင် မကြာသေးခင်က တွေ့ရှိ ဖြေရှင်းခဲ့ပါသည်။ ၄င်းVirusကို သတိပြုမိရန်နှင့် ယင်းကဲ့သို့သော Iconများအပြင် အခြား မသင်္ကာဖွယ်ရာ Iconများ မိမိကွန်ပျုတာတွင် တွေ့ရှိပါက မနှိပ်မိရန်နှင့် သက်ဆိုင်ရာ နားလည်သူနှင့် မေးမြန်းစုံစမ်း စေလိုပါသည်။
မှတ်ချက်။ ။ Internet Journalမှ ကိုးကားယူ၍ မိမိ၏ အတွေ့အကြုံနှင့် ပေါင်းစပ်တင်ပြလိုက်ရပါသည်။
ဆက်ဖတ်ရန်

Original Memory Cardများကိုသာ အသုံးပြုသင့်

Digital Cameraနှင့် Mobile phoneများတွင် Memory cardများကို အသုံးပြုရာ၌ ကုမ္ပဏီများမှ Recommandပေးထားသော Original Cardများကိုသာ အသုံးပြုသင့်ကြောင်း သိရသည်။ ယင်းကဲ့သို့ Original Cardများကို အသုံးပြုခြင်းဖြင့် Memory cardများတွင် Virus ၀င်ရောက်ဖျက်ဆီးမှု အားလျော့ချပေးနိုင်မည်ဖြစ်ပြီး Virus ၀င်ရောက်ခြင်းကြောင့် Cardအတွင်းရှိ Dataများ ပျက်ဆီးဆုံးရှုံးမှုကို တားဆီးပေးနိုင်ရန် များစွာ အထောက်အကူပြုပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ "Cameraတွေရဲ့ Memory cardတွေမှာ Virus ၀င်တာတွေ ဖြစ်ပေါ်နေပါတယ်။ ဒါပေမယ့် ကုမ္ပဏီမှ Recommandပေးထားသော Original card တွေမှာက Virusအတွက် လုံခြုံမှုရှိအောင် လုပ်ပေးထားပါတယ်" ဟု SONYမှ ကင်မရာ ကျွမ်းကျင်သူတစ်ဦးက ဆိုထားပါတယ်။
ကင်မရာတွေမှာသုံးတဲ့ Memory cardတွေမှာ Original Cardတွေကို သုံးတယ်ဆိုရင်တော့ အများကြီး အဆင်ပြေတာပေါ့။ Virusကြောင့် Card ပျက်စီးတာတို့ မှတ်တမ်းတင် Data တွေ ပျက်စီးသွားတာတွေကို ကောင်းကောင်း လျှော့ချပေးနိုင်ပါတယ်။ တချို့  Cardတွေဆို Virus၀င်တာများလို့ Dataတွေ လုံးဝ ပြန်မရတာတို့ ရှိပါတယ်။ Restoration Programများနဲ့လည်း ပြန်လည် ရှာဖွေ့လို့ မရတော့တာ များပါတယ်။ Original Cardတွေမှာတော့ Virusအရမ်းပြင်းပြင်း ၀င်ခဲ့ရင်တောင် သူ့ကို Dataပြန်ရှာလို့ ရနိုင်တဲ့ အတွက် အဆင်ပြေပါတယ်"ဟု Camera Service ကျွမ်းကျင်သူ ကိုသူရထွန်းမှ ပြောသည်။
Camera သုံးစွဲသူများ အနေဖြင့် Memory cardများကို အသုံးပြုရာတွင် Dataများ၏ လုံခြုံစိတ်ချရမှုအတွက် Original Cardများကိုသာ အသုံးပြုသင့်ကြောင်းနှင့် Mobile phoneများတွင် ကဒ်အစားထိုး သုံးစွဲမှုနှင့် အခြား Mobileမှ ကဒ်များ ပြောင်းလဲသုံးစွဲမှုများသည်လည်း Functionပြောင်းလဲမှု ဖြစ်သည်သာမက မိမိ၏ Data ပျောက်ရှသွားမှု၊ Cardနှင့် Mobile phoneများကိုလည်း ပျက်စီးစေကြောင်း သိရသည်။

မှတ်ချက်။ ။ Internet Journalမှ ကိုးကားယူ၍ မိမိ၏အတွေ့အကြုံနှင့် တွဲဖက်တင်ပြလိုက်ရပါသည်။
ဆက်ဖတ်ရန်
Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts