December 31, 2008

Recorderဖြင့် အသံဖမ်းခြင်း

အဲ.. ဒီတစ်ခေါက်တော့ အသံဖမ်း Recorder programနဲ့ ပါတ်သတ်ပြီး တင်ပြသွားပါမယ်။ တပည့်တစ်ယောက်က Internetမှာ သီချင်းတွေနားထောင်ပြီး တချို့  Websiteတွေမှာ နားထောင်ရုံသာ ပေးထားတဲ့အတွက်ကြောင့် ဘယ်လိုလုပ်ရမလဲဆိုတာ တောင်းဆိုလာပါတယ်။ သီးချင်းယူဖို့ ၀ယ်ခိုင်းတဲ့ Websiteတွေလည်းရှိတယ်။ အဲဒီသီချင်းတွေကို Internetမသုံးဘဲ ကွန်ပျုတာထဲမှာ သိမ်းပြီး ဖွင့်ကြည့်ချင်တဲ့သူနဲ့၊ Mp3စက်ထဲမှာ ထည့်ချင်တဲ့သူနဲ့၊ Mobileဖုန်းတွေမှာ ထည့်ထားချင်တဲ့သူတွေ စုံနေရောပဲ။ အခု ကျွန်တော်တင်ပြသွားမယ့် Programက Free programဖြစ်ပြီး ပေါ့ပါးတဲ့ program(3.14 MB)လေးပါ။

အဲဒီ programကို ယူချင်တယ်ဆိုရင်....
  • ဒီ Sound Recorder linkကို နှိပ်ပြီး Download လုပ်ယူပါ။
  • Install လုပ်ပြီး ဖွင့်လိုက်ပါ။
  • program ပုံမှာ ဖော်ပြထားတဲ့အတိုင်း ဘယ်လောက်ထိကူးနိုင်လဲဆိုတာ ဖော်ပြထားပါတယ်။
  • အကယ်၍ အသံတွေ ညှိချင်ရင်တော့ optionsမှာ သွားရပါမယ်။
  • သေချာတာကတော့ သိမ်းမယ့်နေရာကို ရွေးရပါမယ်။
  • File ကို Renameလုပ်တဲ့အခါ File formatအတိုင်းလုပ်ရပါမယ်။ ဥပမာ - Mp3 formatဆို နာမည်ရဲ့ အနောက်မှာ ( .mp3)ထည့်ရပါမယ်။
ကြိုးစားကြည့်ပါ။ မရှင်းတာရှိရင် Comment ပေးနိုင်ပါတယ်။
ဆက်ဖတ်ရန်

Computer Restart ဖြစ်ရခြင်းအကြောင်းရင်းများ

ကွန်ပျူတာအသုံးပြုစဉ် မကြာခဏ power off ဖြစ်၍ power restartဖြစ်ပေါ်ခြင်းများတွင် System Unitများ မကောင်းခြင်းကြောင့် ဖြစ်ရခြင်းအကြောင်းရင်း တစ်ခုတည်းသာမက အခြားအကြောင်းရင်းများကြောင့်လည်း ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ကွန်ပျုတာအသုံးပြုသည့်အခါဖြစ်စေ၊ Gameကစားသည့်အခါဖြစ်စေ Restartဖြစ်ခြင်းသည် Motherboardတွေ၊ Graphic Card (also VGA card)နှင့် CPU (Central Processing Unit)တွေ မကောင်းပါဟု ဆိုသည့် အကြောင်းရင်းများဟု ပြော၍မရပါ။ ကြာရှည်သုံးလာတဲ့ Power Supplyတွေနဲ့ Power အပြည့်မထုတ်ပေးနိုင်တဲ့ အရည်အသွေးနိမ့် Power Supplyတွေကြောင့်လည်း လိုအပ်တဲ့ Powerကို မရတဲ့အတွက် Power ပိတ်ကျသလို အရည်အသွေးနိမ့်တဲ့ Memory (RAM -Random Access Memory)တွေ - ဥပမာ - Memoryမှာရှိတဲ့ Chipset ချို့ ယွင်းလို့ Performance အပြည့်မရတာတွေကြောင့် (သို့) Shockဖြစ်သွားခဲ့သောကြောင့် Restart ကျတတ်ပါတယ်ဟု Service ပညာရှင်တစ်ဦးက ပြောပါသည်။ Gameကစားနေစဉ်အတွင်း Powerပိတ်ကျ တတ်ခြင်းသည် Gameများ Installလုပ်ရာ၌ Microsoft၏ အချို့ သော Serviceများ လိုအပ်ခြင်းကြောင့် ဖြစ်တတ်ပြီး များသောအားဖြင့် Network gameများ၌ မကြာခဏဖြစ်ပေါ်တတ်ကြောင်း သိရပါသည်။

ထို့အပြင် Virusများ ၀င်ရောက်တိုက်ခိုက်မှုများလာခြင်းနှင့် Processor၏ Cooling Fun/ Heatsink အအေးခံစနစ် မလုံလောက်ခြင်းများကြောင့်လည်း ဖြစ်ပေါ်တတ်ရာ CPUပေါ်သို့ပေးသော အအေးခံစနစ် ကျရောက်မှုနည်းပါးပါက CPUပူလားပြီး Restart ကျခြင်း (သို့) Hangသွားခြင်းများ ဖြစ်ပေါ်တတ်ကြောင်း သိရသည်။

မှတ်ချက်။ ။ Internet Journal မှ ကိုးကားယူ၍ မိမိ၏အတွေ့အကြုံများအား ပူးတွဲတင်ပြလိုက်ပါသည်။
ဆက်ဖတ်ရန်

December 29, 2008

Love Virusကို ရှင်းလင်းနိုင်သည့်နည်းလမ်း

လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ကွန်ပျူတာများအတွင်းသို့ ကူးစက်ဝင်ရောက်ပျံ့နှံ့ခဲ့သော Love virus (သို့) အရမ်းချစ်တယ် ဗိုင်းရပ်ကို ရှင်းလင်းနိုင်သည့် နည်းလမ်းများ ရှာဖွေတွေ့ရှိခဲ့ပါပြီ။ အင်တာနက်ချိတ်ဆက်မှုရှိသော ကွန်ပျုတာများတွင် အဆိုပါ ဗိုင်းရပ်ကို ရှင်းလင်းရန် http://somazima.googlepages.com/rev.exeမှ Download ဆွဲယူ၍ ၄င်းsoftwareကို Run ပေးခြင်းဖြင့် ရှင်းလင်းနိုင်ပါသည်။
အင်တာနက်ချိတ်ဆက်မှုမရှိသော ကွန်ပျူတာများတွင် Registeryသို့ ၀င်ရောက်၍ (သို့) ဗိုင်းရပ် ခိုအောင်းနေသော နေရာများကို ရှာဖွေ၍ Manually ရှင်းနိုင်ပါသည်။
System Registry ကျွမ်းကျင်သူများ အနေနဲ့လည်း Registeryထဲဝင်ပြီး ရှင်းလင်းလို့ ရပါတယ်။ Windows ရဲ့ Task Managerမှာ Runနေတဲ့ <<~>> သင်္ကေတပါတဲ့ processကို selectလုပ်၍ End process အရင်ဦးဆုံး လုပ်ပေးပြီး Registeryထဲ မလိုအပ်တဲ့ ဖိုင်တွေကို ဖျက်ပေးရမှာ ဖြစ်ပါတယ်။ ပြီးတော့ C:\WINDOWS\System32 ထဲတွင်ရှိသော <<~>> သင်္ကေတပါတဲ့ဖိုင်တွေကို ဖျက်ပစ်ရပါမယ်။ ဒီနည်းက System Registery အပိုင်းကို တကယ်နားလည်တတ်ကျွမ်းမှသာ လုပ်ဆောင်သင့်ပါတယ်။
အဆိုပါဗိုင်းရပ် ကူးစက်ဝင်ရောက်ပါက My computerအပါအ၀င် Computer Windowsနှင့် Systemရှိ .dll, .jpgနှင့် mp3 စသည်တို့ကို Iconပြောင်းလဲစေနိုင်ပါသည်။

မှတ်ချက်။ ။ Internet Journal မှ ကိုးကားတင်ပြလိုက်ပါသည်။
ဆက်ဖတ်ရန်

December 28, 2008

Net Send (Network Chatting)

Net Chatting ဆိုတာ Local Area Networkတွင် ရှိသော PCများ တစ်လုံးနှင့်တစ်လုံး Message ပို့ခြင်းကို ဆိုလိုပါသည်။ ဤကဲ့သို့ ပြုလုပ်နိုင်ရန်အတွက် သင်သည်ဦးစွာ

(က) Stetup Home or Small Office ချိပ်ပြီးသားဖြစ်ရပါမည်။
(ခ) အခြား PC၏ computer nameကို သိရပါမည်။
(ဂ) မိမိကွန်ပျုတာနှင့် Messageပို့မည့် တခြား computerတွင် Messenger Service ဖွင့်ရပါမည်။
(ဃ) မိမိကွန်ပျုတာဖြစ်စေ၊ မိမိMessage ပို့မည်တခြားကွန်ပျုတာဖြစ်စေ Administrator rightရှိထားသူ
ဖြစ်ရမည်။

Net Send လုပ်မည့် အဆင့်များမှာ
(၁) Start menu > click "Run" command
(၂) Run၏ open boxတွင် cmd ရိုက်ထည့်ပါ။ Ok /Enterနှိပ်ပါ။ cmd windows ထွက်လာပါမည်။

(၃) cmd တွင် "net send computername Message" ကို ရိုက်ထည့်ပါ။

computer nameဆိုတာ networkမှာ ပေးထားတဲ့ ကွန်ပျုတာအမည်

Message ဆိုတာ မိမိရိုက်လိုသော အကြောင်းအရာဖြစ်သည်။ ဥပမာ -

(၄) Hit Enter လုပ်ပြီးက အခြားcomputerတွင် Happy New 2009!!! messageလေး ရောက်သွားပါပြီ။

မှတ်ချက်။ ရုံးတွင်းကွန်ပျုတာဖြစ်စေ၊ အခန်းများ တိုက်အထပ်ပေါင်းများစွာရှိသော network ကွန်ပျုတာဖြစ်စေ Message လှမ်းပို့ရုံပါ။ မည်သည့် Messenger programမှ မလိုပါ။

ဆက်ဖတ်ရန်

December 6, 2008

Blogging


၁) Blogger Background Image ထည့်သွင်းနည်း
၂)
Blogger Background Color ထည့်သွင်းနည်း
၃)
Navigator Bar ဖြုတ်လိုသော Bloggerများအတွက်
၎)
Add Blog Visitors
၅)
အဖြူရောင်သံစဉ် ရေဒီယို ထည့်ကြမယ်
၆)
Statistics Widget for Blogger
၇)
How to Post Embed PDF file in Blogger
၈)
သင်၏ Blog Titleအား Scroll လုပ်နည်း
၉)
HTML codeအား Blog Postတွင် ပေါ်စေရန်
၁၀)
"Read More.." in Blogger (Expandable Posts)
၁၁)
ဓါတ်ပုံတွေကို Tableဆောက်၍ တင်မယ်
၁၂)
Post တွေကို PDFနဲ့ Saveလို့ရတဲ့ Buttonလေးထည့်မယ်
၁၃)
Related Posts or Related Articles ထည့်မယ်
၁၄)
Recent Posts Widgetထည့်မယ်
၁၅)
Recent Posts With Thumbnail Widget ထည့်မယ်
၁၆)
Linkတွေကို Drop Down Menu Listဖြင့် ဖော်ပြမယ်
၁၇)
Post Titleရှေ့ ၌ Animated Image/ Logoထည့်မယ်
၁၈)
Blog Postတွင် Smiley Icon ထည့်ရအောင်
၁၉)
Blog Postတွင် Embeddable Code ထည့်စို့
၂၀)
Favicon ဆိုတာဘာလဲ? ဒါကို Blogထဲမှာ ဘယ်လိုထည့်မှာလဲ?
၂၁)
Newer Posts - Home - Older Posts၌ Animated ပုံထည့်စို့
၂၂)
Alert Message and Dialog Box အား Bloggerဖွင့်တိုင်း ပေါ်စေလိုက
၂၃)
Blog Postများအား Right-clickလုပ်ပြီး ကူးယူ၍ မရအောင် ကန့်သတ်လိုပါက
၂၄) Scroll Bar/ Boxဖြင့် Bloggerတွင် Postတင်မယ်။
၂၅) သင်၏ Blog URLအား Search Engineထဲသို့ တင်ပို့လိုပါသလား
၂၆) Blog Pageတွင် အပေါ်တက်ရန် (သို့) Back toTop Botton ထည့်လိုပါက
၂၇) Adding Falling Star For Blogger
-
၂၈) Adding Falling Hearts in Bloggerထည့်ရအောင်
၂၉) Flash Animated Labels Tag Cloudထည့်ရအောင်

၃၀) Email Me Formထည့်သင့်ကြောင်း
၃၁) Stars Ratingကို Postတင်တိုင်း ပေါ်စေလိုက
၃၂) မိမိ Blog၏ Blockquoteကို ပြောင်းလိုက
ဆက်ဖတ်ရန်

December 1, 2008

Delete one of two operating systems

ယကနေ့ တပည့်တစ်ယောက်က သူ့ကွန်ပျူတာမှာ Windows XP (Systems)နှစ်ခု ၀င်နေတယ်ဆိုပြီး ရောက်လာတယ်။ ကျနော်လည်း ကြိုးစားပြီး ဖျက်ပစ်လိုက်ပါတယ်။ ကျနော်ဖျက်ပစ်လိုက်တဲ့ နည်းကတော့

နည်း (၁)

၁။ logo + R > type "notepad"
၂။ Notepad window ပေါ်လာသောအခါ Ctrl + O နှိပ်ပါ။ Open box ထွက်လာပါမည်။
၃။ Open box ၏ file name နေရာတွင် "c:\boot.ini"ကို ရိုက်ထည့်၍ Open နှိပ်ပါ။
အောက်ပါ ဥပမာ ထွက်လာပါမည်။
[boot loader]timeout=30
default=multi(0)disk(0)rdisk(0)partition(1)\WINDOWS
[operating systems]
multi(0)disk(0)rdisk(0)partition(1)\WINDOWS="Microsoft Windows XP Professional" /noexecute=optin /fastdetect
multi(0)disk(0)rdisk(0)partition(1)\WINDOWS="Microsoft Windows XP Professional" /noexecute=optin /

၎။ [Operating Systems] အောက်တွင်ရှိသော မိမိဖျက်ပစ်လိုသော System lineအား ဖျက်ပစ်ပါ။
၅။ Save လုပ်ပါ။
၆။ Notepad အားပိတ်ပါ။
၇။ ကွန်ပျူတာအား Restart လုပ်ပါ။

နည်း (၂)
၁။ Desktop တွင်ရှိသော My Computer Icon ပေါ်တွင် R-clickနှိပ်၍ "Properties"နှိပ်ပါ။
(သို့မဟုတ်) Windows Logo + Pause break
၂။ System Properties dialog boxမှ "Advance" tabကိုသွားပါ။
၃။ Startup and Recovery အောက်မှ Settingကိုနှိပ်ပါ။
၎။ System Startupအောက်မှ Editနှိပ်ပါ။
၅။ Notepad window ပေါ်လာသောအခါ Ctrl + O နှိပ်ပါ။ Open box ထွက်လာပါမည်။
၆။ Open box ၏ file name နေရာတွင် "c:\boot.ini"ကို ရိုက်ထည့်၍ Open နှိပ်ပါ။
အောက်ပါ ဥပမာ ထွက်လာပါမည်။
[boot loader]timeout=30
default=multi(0)disk(0)rdisk(0)partition(1)\WINDOWS
[operating systems]
multi(0)disk(0)rdisk(0)partition(1)\WINDOWS="Microsoft Windows XP Professional" /noexecute=optin /fastdetect
multi(0)disk(0)rdisk(0)partition(1)\WINDOWS="Microsoft Windows XP Professional" /noexecute=optin /
၇။ [Operating Systems] အောက်တွင်ရှိသော မိမိဖျက်ပစ်လိုသော System lineအား ဖျက်ပစ်ပါ။
၈။ Save လုပ်ပါ။
၉။ Notepad အားပိတ်ပါ။
၁၀။ ကွန်ပျူတာအား Restart လုပ်ပါ။
မှတ်ချက်။ ။ "boot.ini" ကို Backupလုပ်ဖို့ Save As လုပ်ရပါမည်။ (ပြန်လိုအပ်ပါက)
ဆက်ဖတ်ရန်
Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts