November 26, 2009

Turn On Remote Desktop in Windows 7 and Vista

Windows 7 နှင့် Vistaသည် ပုံမှန်အားဖြင့် Remote Desktopအား ပိတ်ထားပါသည်။ သို့သော ၄င်းအား လွယ်ကူစွာဖြင့် ဖွင့်နိုင်ပါသည်။ မိမိ၏ Vistaအား တခြားကွန်ပျူတာမှ လှမ်းကြည့်ချင်ပါက Remote Desktopအား ဖွင့်ဖို့လိုအပ်ပါသည်။

မှတ်ချက်။ ။ Remote Desktopသည် Business, Profesional, Ultimate Versionsတွင်သာ ပါပါသည်။ Home Editionတွင် ယင်းမပါပါ။

  1. System Configuration Page ကို သွားရပါမယ်။ ခေါ်တဲ့နည်း (3)နည်းရှိပါတယ်။ (၁) - Start menu ခေါ် ၊ Menuမှ Computer ပေါ်တွင် Right-clickနှိပ်ပြီး ပေါ်လာသော Menuမှ Properties ကိုနှိပ်ပါ။ (2) Start Menuကိုခေါ်ပါ။ Search boxတွင် Systemကို ရိုက်ထည့်၍ Enterခေါက်ပါ။ (၃) Control Panel > Systemကိုလည်း နှိပ်နိုင်ပါသည်။
  2. System Properties Windowsရဲ ဘယ်ဘက်အပိုင်းတွင် Remote Settingကို တွေ့ရပါမည်။ နှိပ်လိုက်ပါ။

  3. System Properties Dialog Boxမှ Remote Tabအောက်တွင် "Allow Remote Assistance connection to this computer"ကိုအမှန်ခြစ်ပြပါ။ Remote Desktop အောက်တွင် တတိယရွေးချယ်မှုကို နှိပ်လိုက်ပါ။

  4. Allpy > Ok
ဆက်ဖတ်ရန်

How to Create Password Reset Disk in Vista Using USB

လူတိုင်း လူတိုင်း မည့်သည့်အရာ၊ ကိစ္စ မဆို တခါတရံ မေ့တတ်ပါတယ်။ သို့ဖြစ်ပါ၍ ကွန်ပျူတာ အသုံးပြုသူများသည် ပို၍ မေ့လွယ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော အချက်အလက်များစွာအား ဦးနှောက်ထဲသို့ ထည့်သွင်းရပါသောကြောင့်ဖြစ်သည်။

အခုတင်ပြမည့် အကြောင်း အရာကတော့ USB Flash Driveကို အသုံးပြ၍ Windows Vista Admin Passwordအား (Reset) ပြန်လည် ပြင်ဆင်နိုင်ရန်အတွက်ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှု အနေနဲ့ပေါ့။ တခါတရံ မိမိရဲ့ Passwordကို တခြားတယောက်ယောက်အား ပေးသိထားပြီး Passwordအသစ်ကို ခဏခဏ ပြောင်းလိုက်ရင် မေ့နိုင်ပါတယ်။ ဒါ့ကြောင့် User Passwordကို ထည့်လိုက်တာနဲ့ Password Resetလုပ်ဖို့ သင့်ပါတယ်။
အကယ်၍ Windows Vista Userနဲ့ Password တစ်ခုခုအားမှားယွင်းစွာ ရိုက်ထည့်လိုက်ပါက Error Message ထွက်လာမည်မှာ သေချာပါတယ်။
Reset Passwordလုပ်ဖို့ USB တစ်ချောင်းတော့ လိုလိမ့်မယ်။ Floppy Diskကတော့ အခုခေတ်မှာ အသုံးနည်းသွားပါပြီ။ ဒါ့ကြောင့် USBနဲ့ Reset Diskလုပ်ပါမယ်။ အောက်ပါအတိုင်းလုပ်ပါ။

  • ဦးစွာ USB Flash Driveအား ကွန်ပျူတာနှင့် ချိတ်ဆက်လိုက်ပါ။
  • Start Menu > Control Panel > User Account and Family Safety နှိပ်ပါ။
  • ထို့နောက် User Accounts ကိုနှိပ်ပါ။
  • ထို့နောက် ဘယ်ဘက် Paneတွင် Create a password reset diskကို Task ရဲ့အောက်မှာနှိပ်ပါ။

  • ထို့နောက် Password Reset Wizard's Welcome Screen Dialog Boxထွက်လာပါက Nextနှိပ်ပါ။

  • နောက်တစ်မျက်နှာတွင် I want to create password key disk in the following driveတွင် USB Driveကို တွေ့ပါမည်။ မဟုတ်ပါက ထပ်ရွေးပြီး Nextကိုနှိပ်ပါ။
  • လက်ရှိ User Password Boxထဲတွင် လက်ရှိ Userရဲ့ Passwordကို ရိုက်ထည့်လိုက်ပါ။ ထို့နောက် Nextကိုနှိပ်ပါ။ အကယ်၍ မိမိUserတွင် Passwordမရှိသေးပါက Password boxကို အလွတ်ထားလိုက်ပါ။ အရင်ဦးဆုံးထည့်ထားပါက ကောင်းပါလိမ့်မည်။


  • Prograss Barက ၁၀၀%ပြည့်သွားပါက Finishကိုနှိပ်ပါ။ USBကို မလိုအပ်သေးပါက ဖြုတ်နိုင်ပြီး လိုအပ်လျင် ထို USBအား နံမည်တပ်မည်/ သို့မဟုတ် အနာဂတ်မှာ Password Rest အသုံးပြုဖို့ အမှတ်အသားပြုနိုင်ပါသည်။
  • Password Reset Disk လုပ်ပြီးသွားပါပြီ။

Windows Vistaတွင် Password မေ့သွားပြီး Reset လုပ်လိုပါက.

  • USBကို ကွန်ပျူတာနှင့် ချိတ်ဆက်လိုက်ပါ။ ထို့နောက် ကွန်ပျူတာကိုဖွင့်လိုက်ပါ။
  • Longo နေရာရောက်နေပါက Reset Passwordကိုနှိပ်ပါ။

  • Password Reset Wizardတွင် Next ကိုနှိပ်ပါ။


  • ထို့နောက် The password key disk is in the following drive list စာသားအောက်တွင် မိမိ Reset Diskကို ရွေးပြီး Nextကိုနှိပ်ပါ။
  • နောက် Screenတစ်ခုတွင် Password အသစ်ကို ရိုက်ထည့်ပါ။ Confirmဖြစ်ဖို့ နောက်တစ်ခေါက် ရိုက်ထည့်ပါ။ Nextကို ထပ်နှိပ်ပါ။
  • နောက် Screenတစ်ခုတွင် ခုဏကရိုက်ထည့်တဲ့ Passwordကို ထပ်ရိုက်ပါ။ Confirm fieldတွင် ထပ်ရိုက်ပါ။ Password hintကိုထည့် Passwordမှတ်မိလွယ်အောင် ရိုက်ထည့်နိုင်ပါသည်။

  • ထပ်ပြီး Nextကို ထပ်နှိပ်ပါ။ Wizardကို Finishနှိပ်၍ ပိတ်လိုက်ပါ။
  • နောက်ဆုံး Vista Userအား Passwordအသစ်ဖြင့် ရိုက်သွင်း ၀င်လိုက်ပါ။

မှတ်ချက်။ ။ USBနဲ့ Password Resetလုပ်တာနဲ့ ပတ်သတ်လို့ မည်သည့် Vista Edition မဆို ပြုလုပ်နိုင်ပါတယ်။ သို့ပေမယ့် မိမိ Vistaကို Password Reset Disk လုပ်ထားတဲ့ USBကို တခြားကွန်ပျူတာအား အသုံးပြု၍ မရပါ။ ယင်း USB Reset diskအား လုံးခြုံသည့်နေရာတွင် ထားရပါမည်။










ဆက်ဖတ်ရန်
Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts