February 15, 2009

How to Create User in XP (Part 1)

Windows XP userအနေနဲ့ တချို့က သိပြီးသား ဖြစ်မှာပါ။ ကျနော်သည် Windows Vistaကို မကြိုက်တဲ့အတွက် XPကိုသာ ဆက်သုံးနေပါသည်။ Windows 7ကို Vistaထက် ပိုနှစ်သက်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် XPကို အနည်းဆုံး 2015အထိ ဆက်သုံးဦးမှာဆိုတော့ အခြေခံလေ့လာသူအနေနဲ့ ဒီpostလေးကို တင်ပေးလိုက်ပါတယ်။
User အသစ်ဖန်တီးမယ်ဆိုရင်..

၁) Control Panel ထဲသို့သွားပါ။
၂) User Accountကို နှိပ်ပါ။ User Account window အောက်တွင် Pick a taskမှ Create a new accountကိုနှိပ်ပါ။


၃) ထို့နောက် User accountတွင် Name the new account boxတွင် မိမိပေးလိုသောအမည်ကို ရိုက်ထည့်ပါ။
Next နှိပ်ပါ။
၎) Pick an account type - User လုပ်ပိုင်ခွင့်ကို ရွေးချယ်ရမည်ဖြစ်သည်။ ထို့နောက် Create account
buttonကို နှိပ်ပါ။(က) Computer Administrator - အုပ်ချုပ်ရေးမှူး
- Create, change and delete accounts (accountများ ဖန်တီး၊ ပြောင်းလဲခြင်းနှင့် ဖျက်ပစ်ခြင်း)
- Make System wide changes - (systemပိုင်းဆိုင်ရာများ ပြောင်းလဲနိုင်ခြင်း)
- Install programs and accept all files (programများ ထည့်သွင်းခြင်းနှင့် ဖိုင်းများအားလုံး
လက်ခံနိုင်ခြင်း)
(ခ) Limited (ကန့်သတ်)
- မိမိ accountကိုသာ ပြင်ဆင်နိုင်၊ မိမိစကားဝှက်များ ပြောင်းလဲနိုင်သည်။
- မိမိပုံ၊ Themeနှင့် အခြား Desktop ပြင်ဆင်ချက်များ ပြုလုပ်နိုင်။
- မိမိဖန်တီးထားသောဖိုင်များ ကြည့်နိုင်၊ ပြုပြင်နိုင်သည်။
- အခြား Userမှ Shareလုပ်ထားသော filesများ ကြည့်နိုင်သည်။
Programပေါ်မူတည်ပြီး မိမိUserထဲတွင် ထည့်လိုသော programများ ကန့်သတ်ထားသည်။

၅) Accountဖွင့်ပြီးပါပြီ။ သို့သော် အခြားပြင်ဆင်စရာများ ရှိပါသေးသည်။ ထို့နောက် မိမိပြုလုပ်ထားသော Userအား နှိပ်ပါ။
What do you want to change about Zaw Zaw's account? တွင်

- Change the name - အမည်ပြောင်းနိုင်ခြင်း
- Create a password - စကားဝှက် ပြောင်းနိုင်ခြင်း
- Change the picture - ပုံပြောင်းနိုင်ခြင်း
- Change the account type - လုပ်ပိုင်ခွင့်များ ပြောင်းနိုင်ခြင်း
- Delete the account - accountအား ဖျက်ပစ်နိုင်ခြင်းများအား မိမိလိုသလို ပြင်ဆင်ပါ။

Create a password - မိမိ Userလုံခြုံနိုင်ရန်အတွက် စကားဝှက်သည် အဓိကကျပါသည်။ သို့သော် မိမိuserသည် Administrator priviledgeရထားပါက privateလုပ်ထားသင့်သည်။ အဘယ်ကြောင့်ဆိုသော် အခြား Userသည် Administrator ဖြစ်ပါက သင်၏ အချက်အလက်များ လုံခြုံမှု မရှိတော့ပါ။

- type a new password
- type the new password again to confirm
- type a word or phrase to use as a password hint (မိမိ စကားဝှက်အား မှတ်မိလွယ်စေရန် password
hint အတွက် စကားလုံး (သို့) စကားစု ရိုက်ထည့်ပါ။
ထို့နောက် Create passwordကို နှိပ်ပါ။
{ Create New User Account - Part (2)အား ဆက်လက် လေ့လာပါ။ }

Related Posts by Categories



Widget by Scrapur

0 comments:

Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts