August 31, 2008

Ccleaner အား အသုံးပြုခြင်း

Ccleaner သည် လွယ်ကူ၍ ထူးခြားချက်များ ရှိပါသည်။ ၄င်းတွင် လုပ်ဆောင်ချက် (၄)ချက်ရှိ၍ မိမိ၏ ကွန်ပြူတာအား သန့် ရှင်းအောင် ထားပေးပါသည်။ လတ်တလောကာလတွင် ၄င်းအား ပိုသုံးလာသည်ကို တွေ့ ရှိရပါသည်။ အချိန်အနည်းငယ်ပေး၍ လေ့လာစေလိုပါသည်။ ၄င်း programကို
http://www.filehippo.com/ တွင် download လုပ်နိုင်ပါသည်။
၎င်း၏ လုပ်ဆောင်ချက်များမှာ .. (၁) Cleaner ၊ (၂) Registryအား သန့် ရှင်းပေးခြင်း၊ (၃) Tools - programများ uninstall လုပ်ပေးခြင်း၊ (၄) Options

(၁) Cleaner - တွင် မလိုအပ်သော ဖိုင်များဖြစ်သည့် Windows နှင့် Applicationများကို သန့်  ရှင်းပေးမည်ဖြစ်သည်။ ထို့ ကြောင့် ၄င်းတို့ အား အမှန်ခြစ်ပြပါ။ ထို့ နောက် Analyze လုပ်၍ Run Cleaner buttonအား နှိပ်ပါက မလိုအပ်သည့်ဖိုင်များ ရှင်းလိုက်ပါသည်။

(၂) Registryအား သန့် ရှင်းပေးခြင်းသည် Registry Integrityထဲ ၀င်ရောက်နေသော အရာများ၊ ပြဿနာများအား Fixလုပ်ပေးပါသည်။

  • Scan for issues ကိုနှိပ်ပြီး Fix seleted issues buttonကို နှိပ်ပါ။
  • Do you want to backup changes to the registry? မေးခွန်းဘောက်လေးတွင် No ကို နှိပ်ပါ။
  • Unsued files extensionတွင် "Fix All Selected issues"button ကို နှိပ်ပါ။
  • Ok နှိပ်၍ close လုပ်လိုက်ပါ။
(၃) Tools - တွင်
  • Uninstall (မလိုအပ်သည့် programs များ ဖြုတ်ခြင်း) နှင့်
  • Startup programs (windows တက်စဉ် စတင်အလုပ်လုပ်သည့် programs)
Uninstall - ဘေးတွင် Programs to remove list ရှိပြီး ထိုထဲမှ ဖြုတ်လိုသည့် programအား select လုပ်ရမည်။
  1. Run Uninstaller -သည် select လုပ်ထားသော programအား ဖြုတ်ရန်ဖြစ်သည်။
  2. Rename Entry - သည် select လုပ်ထားသော programအား Registry ထဲဝင်ရောက်သော အမည်အား ပြောင်းပေးသည်။
  3. Delete Entry - သည် Registryထဲဝင်ရောက်နေသော Uninstall Entryအား ဖြုတ်ပစ်မည်။ သို့ သော် applicationအား ဖြုတ်ပစ်မည် မဟုတ်ပါ။

Startup programs -သည် windows တက်စဉ် စတင်အလုပ်လုပ်သည့် programsဖြစ်ပြီး windows တက်လာခြင်းအား ကြာစေပါသည်။ လတ်တလော မလိုအပ်သော programsများကို startup ဖြုတ်သင့်သည်။

  • Disable (startup programsအား မတက်လာခိုင်းပါ)
  • Delete (startup မှ ဖြုတ်မည်) - Program ဖြုတ်ခြင်း မဟုတ်ပါ။

Program ကို selectလုပ်၍ Disableနှင့် Delete လုပ်နိုင်ပါသည်။

(၄) Options - ကွန်ပြူတာဖွင့်တိုင်း Ccleaner အား သန့် ရှင်းရေး လုပ်ခိုင်းခြင်း

Options > settings > Run Ccleaner when computer starts အား အမှန်ခြစ်ပြပါ။
ဆက်ဖတ်ရန်

File Hippo မှ အလွယ်တကူ Softwaresများ

ဤဆိုက်သည် software programsများ freeပေးထားပါသည်။ ဤဆိုက်အတွင်း........
  • PluginsAnti-Spyware
  • Audio and Video
  • File Sharing
  • Firewalls and Security
  • CD and DVD Tools
  • Messaging and Chat
  • Anti-Virus
  • Desktop
  • Cleaning and Tweaking
  • File Transfer
  • Compression and Backup
  • Imaging
  • Office and News
  • BenchMarking
  • Drivers များ ပါဝင်ပါသည်။

သင့်အတွက် http://www.filehippo.com/ မှ Real Services.

ဆက်ဖတ်ရန်

August 30, 2008

မြန်မာဖေါင့်နှင့် MS office difficulties

အခြေခံကွန်ပြူတာ လေ့လာသူများအတွက် မြန်မာဖေါင့် ရိုက်ကျင့်သောအခါ တွေ့ ကြုံ ရမည့် အခက်အခဲများ -
  • အင်္ဂလိပ်စာလက်ကွက် လေ့ကျင့်မှုအားနည်းခြင်း
  • Page Setup နှင့် Alignment ထားရှိမှု
  • အင်္ဂလိပ်စာ Autocorrect Options သတ်မှတ်ထားခြင်းနှင့် မြန်မာစာ အပြောင်းအလဲ
  • ကွန်ပြူတာတစ်လုံးနှင့် တစ်လုံး ဖိုင်များပို့ သောအခါ၊ Transfer လုပ်သောအခါ....

တို့ ကို ကြုံတွေ့ ကောင်း ကြုံတွေ့ ပါလိမ့်မည်။ အောက်ပါဖြေရှင်းချက်များကို လေ့လာပါ ......

  • အင်္ဂလိပ်စာလက်ကွက်ကို စနစ်တကျ ရိုက်ကျင့်ပါ။ မိမိဆရာ သင်ကြားပေးသော လက်အထားအသို နှင့် keyboard layoutအား တသွေမတိမ်း လိုက်နာပါ။ အင်္ဂလိပ်စာလက်ကွက် ကျွမ်းကျင်မှသာလျှင် မြန်မာလက်ကွက် စရိုက်ပါ။
  • Page Setup နှင့် Alignment ထားရှိမှု - မိမိသည် မြန်မာစာများမရိုက်ခင် Page Setupမှ margins နှင့် paper sizeအား အရင်ဦးဆုံး ရွေးချယ်ရမည်။ စာရိုက်ပြီးခါမှ Page Setup ပြောင်းမည်ဆိုလျှင် spacingများ လွဲမည် ဖြစ်သည်။
  • AutoCorrect Options - သည် အင်္ဂလိပ်စာရိုင်ရာတွင်လိုအပ်သော၊ မှားနေသောစာလုံးများအား အလိုအလျောက် အမှန်ပြင်ပေးခြင်းကို ဆိုလိုသည်။ သို့ ပေမယ့် မြန်မာစာတွင် AutoCorrect Options မလိုအပ်ပေ။ အောက်ပါ options များသည် မြန်မာစာအား ပြောင်းလဲစေပါသည်။ ထို options များအား အမှန်ခြစ်ဖြုတ်ပါက မပြောင်းလဲတော့ပါ။ သို့ ပေမယ့် ကွန်ပြူတာတွင် မြန်မာဖေါင့် တစ်ခုသာလျင် အမြဲမရိုက်သည့်အတွက် ဖြုတ်ရန် မဖြစ်နိုင်ပါ။

Tools > AutoCorrect Options > AutoCorrect Tab

[ ]Correct TWO Intial CApitals - မတော်တဆ စာလုံးကြီးနှစ်လုံး ရိုက်မိသောကြောင့် အမှန်ပြင်ပါ။
[ ]Capitalize first letter of sentences - စာကြောင်း၏ ပထမစကားလုံး၏ စာလုံးအား အကြီးပြောင်းပါ။
[ ]Capitalize first letter of table cells - ဇယား၏ cell ကွက်များတွင်ရှိသော စကားလုံး၏ ပထမစာလုံးအား အကြီးပြောင်းပါ။
[ ]Capitalize names of days - နေ့ များ. အမည်များ၏ အရှေ့ ဆုံးစားလုံးအား အကြီးပြောင်းပါ။
[ ]Correct accidental usgae of cAPS LOCK key - မတော်တဆ cAPS LOCK key အား နှိပ်မိ၊ အသုံးပြုမိသောကြောင့် အမှန်ပြောင်းပါ။

AutoFormat As You Type

[ ]"Straight quotes" with "smart quotes" - "စကားပြော" အမှတ်အသား အမြဲပေါ်ပါ။
[ ]Ordinals (1st) with superscript - ထပ်ရင်းအမည်များ အမြဲပေါ်ပါ။
[ ]Hypens (--) with dash(-) - Hypens မှ မျဉ်းပြတ်သို့  ပြောင်းပါ။

မှတ်ချက်။ ။ မြန်မာစာရိုက်ရာတွင် "ဒ" မပေါ်ပါက "Straight quotes" with "smart quotes"အား အမှန်ခြစ်ဖြုတ်ပါ။

  • ကွန်ပြူတာတစ်လုံးနှင့် တစ်လုံး ဖိုင်များပို့ သောအခါ၊ Transfer လုပ်သောအခါ .... မိမိရိုက်ထားသောဖေါင့်အတိုင်း အခြား ကွန်ပြူတာထဲတွင် ရှိရပါမည်။ အကယ်၍ အခြားကွန်ပြူတာထဲတွင် မရှိပါက တပါတည်း ယူသွားပြီး Install fonts လုပ်ပါ။

ရေးသားချက်အပေါ် Comment ပေးပါရန်...........

ဆက်ဖတ်ရန်

Internet Protocol (IP လိပ်စာ)

IP လိပ်စာဆိုသည်မှာ မိမိကွန်ပြူတာအား ကွန်ယက်စနစ် (network) ပေါ်တွင် ကိုယ်စားပြုထားသော နံပါတ်တစ်ခုဖြစ်ပါသည်။ တယ်လီဖုန်းလိုင်း ကွန်ယက်ပေါ်တွင်ရှိသော တယ်လီဖုန်း တစ်လုံးအား ဖော်ပြထားသော တယ်လီဖုန်းနံပါတ်နှင့် တူပါသည်။ IP လိပ်စာသည် ဂဏန်းစု လေးစုဖြင့် ခွဲခြားပြီး ဂဏန်းစုတစ်ခုလျှင် (၂၅၆)အောက် ရှိပါသည်။ ဥပမာ - ၁၉၂.၂၀၀.၄၄.၆၉ စသဖြင့်

The standard way of identifying a computer that is connected to the Internet, much like the way a telephone number identifies a telephone on a telephone network. The IP address is four numbers separated by periods, and each number is less than 256, for example, 192.200.44.69. ...

IP လိပ်စာကြည့်ခြင်း
နည်း (၁)
  1. My network places ကို ဖွင့်လိုက်ပါ။
  2. ဘယ်ဘက် Network Task Panel တွင် View Local Area Connection Icon အား တစ်ချက်နှိပ်ပါ။
  3. ဘယ်ဘက် Panel မှ Details အောက်တွင် မိမိ၏ IP လိပ်စာအား တွေ့ ပါမည်။
နည်း (၂)
  1. windows logo + R အား တွဲနှိပ်လိုက်ရင် Run dialog box လေးထွက်လာပါမည်။
  2. Run ၏ open box ထဲတွင် "cmd" အား ရိုက်ထည့်ပါ။ Cmd.exe window ထွက်လာပါမည်။
  3. ထို window ထဲတွင် "ipconfig" အား ရိုက်ထည့်ပြီး Enter ခေါက်ပါ။
  4. မိမိ၏ IP လိပ်စာနှင့်အတူ Subnet Mask နှင့် Default Gateway လည်းပေါ်လာပါသည်။
  5. Exit ရိုက်ထည့်ပြီး Enter ခေါက်ပါ။
Website များ၏ IP လိပ်စာအား ကြည့်ခြင်း
  • www.msn.com, www.yahoo.com, www.wn.com
  • windows logo + R အား တွဲနှိပ်လိုက်ရင် Run dialog box လေးထွက်လာပါမည်။
  • Run ၏ open box ထဲတွင် "cmd" အား ရိုက်ထည့်ပါ။ Cmd.exe window ထွက်လာပါမည်။
  • ထို window ထဲတွင် "ping www.msn.com" အား ရိုက်ထည့်ပြီး Enter ခေါက်ပါ။
  • [ ] ထဲတွင် ထွက်လာပါမည်။
  • Exit ရိုက်ထည့်ပြီး Enter ခေါက်ပါ။
ဆက်ဖတ်ရန်

August 26, 2008

Modem (မော်ဒမ် ဆက်သွယ်ရေးစက်)

Modem ဆိုသည်မှာ ဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်ပြီး Internet ချိပ်ဆက်ရာတွင်လည်းကောင်း၊ အခြားComputer တစ်လုံးသို LAN, WAN, WLAN ချိပ်ဆက်ရာတွင် အသုံးပြုသော ကိရိယာဖြစ်သည်။

Modem. အဓိကလုပ်ဆောင်ချက်မှာ တယ်လီဖုန်းလိုင်းမှလာသော မကိုက်ညီသော signal (Demodulated signal)ကို ကိုက်ညီအောင် (Modulated) လုပ်ပေးခြင်းနှင့် Computerမှ ပို့ လိုက်သော Signalများကို တယ်လီဖုန်းလိုင်းပေါ်တွင် သွားရောက် နိုင်ရန်အတွက် (Demodulated)လုပ်ပေးခြင်းတို့ ကိုdk လုပ်ဆောင် ပေးပါသည်။

Modem Speed(အမြန်နှုန်း)

Modem. အမြန်နှုန်းကို (bps- Bit Per Second)ဖင့် တိုင်းပါသည်။

ယနေ့ ယျေဘုံယျ တွေ့ ရှိမှု Modemများ. အမြန်နှုန်းမှာ 56 Kilo bps, 28.8 Mega bps (dial-up modem)ရှိပြီး 512 Mega bps, 1 Giga bps (ADSL)များကို တွေ့ ရှိရပါသည်။

ဆက်ဖတ်ရန်

August 23, 2008

Computer Hardware

ဆက်ဖတ်ရန်
Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts