February 22, 2009

Creating User Accounts - Part 3

ဤသင်ခန်းစာနှင့် ပတ်သတ်၍ တင်ပြဖို့ အချိန်ကြာသွားပါသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၀၉ Januaryလက ထုတ်လွင့်သော Windows 7ကို စိတ်ဝင်စားသွားပြီး ကျွန်တော့်ရဲ့ ကွန်ပျူတာမှာလည်း Windows 7 တင်ဖြစ်လိုက်တယ်။ ကျွန်တော့အမြင်မှာတော့ Window Vistaထက် ကောင်းတယ်လို့ ထင်ပါတယ်။ ပို၍ မြန်ဆန်လာပါတယ်။ Vistaကို သုံးရတာ သိပ်အဆင်မပြေဘူး။ မဆင်မပြေတာက XPလောက် မကောင်းလို့ပါ။ တော်သေးပါရဲ့ မ၀ယ်ဖြစ်တာ။ ကဲ ကောင်းပြီ။ Windows 7 နဲ့ပဲ တင်ပြသွားပါမယ်။

User Account ဖန်တီးရန် ....

၁) Desktopပေါ်မှာရှိတဲ့ My Computer Iconပေါ်တွင် R-clickနှိပ်၍ ပေါ်လာသည့် Menuမှ Manageကို နှိပ်ပါ။

၂) Computer Management Windowမှ Left panelတွင် Local Users and Groupsအောက်မှ User ကိုနှိပ်ပါ။

၃) ထို့နောက် Users panelတွင် လွတ်နေသော နေရာ၌ R-clickနှိပ်၍ ပေါ်လာသော Menuမှ New Userကို
နှိပ်ပါ။


၎) New User dialog boxတွင် User name, Full name, Description, Password, Confirm passwordတို့
ကို မိမိလိုသလို ရိုက်ထည့်လိုက်ပါ။ ပုံတွင် ပြထားသည့်အတိုင်း ကိုးကားပါ။ ထို့နောက် Confirm password
အောက်တွင် User cannot change password (သို့) Password never expiresကို ရွေးပါ။ ထို့နောက်
Create ကို နှိပ်ပါ။ ပြီးက Close buttonကို နှိပ်ပါ။ ဖန်တီးပြီးသွားပါပြီ။ သို့သော် ထိုuserသည် ရိုးရိုး User
သာဖြစ်သည်။



- မိမိပြုလုပ်လိုက်သော Userပေါ်တွင် R-clickနှိပ်၍ Propertiesကို နှိပ်လိုက်ပါ။


၆) Moe properties dialog box တွင် Tab သုံးခုမှ Member of tabကို နှိပ်လိုက်၍ Add buttonကို
ဆက်နှိပ်ပါ။


၇) ထို့နောက် Select Groups dialog boxမှ Advancedကို ဆက်နှိပ်ပါ။ ထို့နောက် Select Groups dialog
box နောက်တစ်ခုပေါ်လာပါမည်။

- ထို dialog boxမှ Find now ကိုနှိပ်၍ မိမိ ပေးလိုသော User typeကို ရွေးချယ်လိုက်ပါ။ ဥပမာ -
Administrator ဆိုပါစို့။ ရွေးချယ်ပြီးက Ok ကိုနှိပ်ပါ။ နောက် Okကို ဆက်နှိပ်ပါ။


၈) ဒါဆိုရင် User type ယူပြီးသွားပါပြီ။ မိမိ၏ User groupသည် နှစ်ခုဖြစ်နေပါသည်။ ၄င်းတို့မှာ
Administratorနှင့် Usersတို့ဖြစ်သည်။ Userကို ဖျက်ပစ်နိုင်ပါသည်။

၉) ဖျက်ပစ်ရန် - Moe properties dialog boxမှ Userကို Selectလုပ်၍ Removeနှိပ်ပါ။ ထို့နောက် Apply
နှိပ်၍ Ok ဆက်နှိပ်ပါ။ ပြီးပါပြီ။

မှတ်ချက်။ ။ သင်သည် User ကန့်သတ်ချက်နှင့် ပတ်သတ်၍ Userတစ်ခု၏ လုပ်ဆောင်နိုင်မှု အချက် အလက်များကို ကန့်သတ်နိုင်ပါသည်။ ဥပမာ- Administrator, Power User, Local User, User စသည်ဖြင့် သတ်မှတ်နိုင်ပါသည်။


Comment လေးများ ဖတ်ချင်ပါတယ်။

Related Posts by Categories



Widget by Scrapur

0 comments:

Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts