August 30, 2008

မြန်မာဖေါင့်နှင့် MS office difficulties

အခြေခံကွန်ပြူတာ လေ့လာသူများအတွက် မြန်မာဖေါင့် ရိုက်ကျင့်သောအခါ တွေ့ ကြုံ ရမည့် အခက်အခဲများ -
  • အင်္ဂလိပ်စာလက်ကွက် လေ့ကျင့်မှုအားနည်းခြင်း
  • Page Setup နှင့် Alignment ထားရှိမှု
  • အင်္ဂလိပ်စာ Autocorrect Options သတ်မှတ်ထားခြင်းနှင့် မြန်မာစာ အပြောင်းအလဲ
  • ကွန်ပြူတာတစ်လုံးနှင့် တစ်လုံး ဖိုင်များပို့ သောအခါ၊ Transfer လုပ်သောအခါ....

တို့ ကို ကြုံတွေ့ ကောင်း ကြုံတွေ့ ပါလိမ့်မည်။ အောက်ပါဖြေရှင်းချက်များကို လေ့လာပါ ......

  • အင်္ဂလိပ်စာလက်ကွက်ကို စနစ်တကျ ရိုက်ကျင့်ပါ။ မိမိဆရာ သင်ကြားပေးသော လက်အထားအသို နှင့် keyboard layoutအား တသွေမတိမ်း လိုက်နာပါ။ အင်္ဂလိပ်စာလက်ကွက် ကျွမ်းကျင်မှသာလျှင် မြန်မာလက်ကွက် စရိုက်ပါ။
  • Page Setup နှင့် Alignment ထားရှိမှု - မိမိသည် မြန်မာစာများမရိုက်ခင် Page Setupမှ margins နှင့် paper sizeအား အရင်ဦးဆုံး ရွေးချယ်ရမည်။ စာရိုက်ပြီးခါမှ Page Setup ပြောင်းမည်ဆိုလျှင် spacingများ လွဲမည် ဖြစ်သည်။
  • AutoCorrect Options - သည် အင်္ဂလိပ်စာရိုင်ရာတွင်လိုအပ်သော၊ မှားနေသောစာလုံးများအား အလိုအလျောက် အမှန်ပြင်ပေးခြင်းကို ဆိုလိုသည်။ သို့ ပေမယ့် မြန်မာစာတွင် AutoCorrect Options မလိုအပ်ပေ။ အောက်ပါ options များသည် မြန်မာစာအား ပြောင်းလဲစေပါသည်။ ထို options များအား အမှန်ခြစ်ဖြုတ်ပါက မပြောင်းလဲတော့ပါ။ သို့ ပေမယ့် ကွန်ပြူတာတွင် မြန်မာဖေါင့် တစ်ခုသာလျင် အမြဲမရိုက်သည့်အတွက် ဖြုတ်ရန် မဖြစ်နိုင်ပါ။

Tools > AutoCorrect Options > AutoCorrect Tab

[ ]Correct TWO Intial CApitals - မတော်တဆ စာလုံးကြီးနှစ်လုံး ရိုက်မိသောကြောင့် အမှန်ပြင်ပါ။
[ ]Capitalize first letter of sentences - စာကြောင်း၏ ပထမစကားလုံး၏ စာလုံးအား အကြီးပြောင်းပါ။
[ ]Capitalize first letter of table cells - ဇယား၏ cell ကွက်များတွင်ရှိသော စကားလုံး၏ ပထမစာလုံးအား အကြီးပြောင်းပါ။
[ ]Capitalize names of days - နေ့ များ. အမည်များ၏ အရှေ့ ဆုံးစားလုံးအား အကြီးပြောင်းပါ။
[ ]Correct accidental usgae of cAPS LOCK key - မတော်တဆ cAPS LOCK key အား နှိပ်မိ၊ အသုံးပြုမိသောကြောင့် အမှန်ပြောင်းပါ။

AutoFormat As You Type

[ ]"Straight quotes" with "smart quotes" - "စကားပြော" အမှတ်အသား အမြဲပေါ်ပါ။
[ ]Ordinals (1st) with superscript - ထပ်ရင်းအမည်များ အမြဲပေါ်ပါ။
[ ]Hypens (--) with dash(-) - Hypens မှ မျဉ်းပြတ်သို့  ပြောင်းပါ။

မှတ်ချက်။ ။ မြန်မာစာရိုက်ရာတွင် "ဒ" မပေါ်ပါက "Straight quotes" with "smart quotes"အား အမှန်ခြစ်ဖြုတ်ပါ။

  • ကွန်ပြူတာတစ်လုံးနှင့် တစ်လုံး ဖိုင်များပို့ သောအခါ၊ Transfer လုပ်သောအခါ .... မိမိရိုက်ထားသောဖေါင့်အတိုင်း အခြား ကွန်ပြူတာထဲတွင် ရှိရပါမည်။ အကယ်၍ အခြားကွန်ပြူတာထဲတွင် မရှိပါက တပါတည်း ယူသွားပြီး Install fonts လုပ်ပါ။

ရေးသားချက်အပေါ် Comment ပေးပါရန်...........

Related Posts by Categories



Widget by Scrapur

0 comments:

Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts