August 30, 2008

Internet Protocol (IP လိပ်စာ)

IP လိပ်စာဆိုသည်မှာ မိမိကွန်ပြူတာအား ကွန်ယက်စနစ် (network) ပေါ်တွင် ကိုယ်စားပြုထားသော နံပါတ်တစ်ခုဖြစ်ပါသည်။ တယ်လီဖုန်းလိုင်း ကွန်ယက်ပေါ်တွင်ရှိသော တယ်လီဖုန်း တစ်လုံးအား ဖော်ပြထားသော တယ်လီဖုန်းနံပါတ်နှင့် တူပါသည်။ IP လိပ်စာသည် ဂဏန်းစု လေးစုဖြင့် ခွဲခြားပြီး ဂဏန်းစုတစ်ခုလျှင် (၂၅၆)အောက် ရှိပါသည်။ ဥပမာ - ၁၉၂.၂၀၀.၄၄.၆၉ စသဖြင့်

The standard way of identifying a computer that is connected to the Internet, much like the way a telephone number identifies a telephone on a telephone network. The IP address is four numbers separated by periods, and each number is less than 256, for example, 192.200.44.69. ...

IP လိပ်စာကြည့်ခြင်း
နည်း (၁)
  1. My network places ကို ဖွင့်လိုက်ပါ။
  2. ဘယ်ဘက် Network Task Panel တွင် View Local Area Connection Icon အား တစ်ချက်နှိပ်ပါ။
  3. ဘယ်ဘက် Panel မှ Details အောက်တွင် မိမိ၏ IP လိပ်စာအား တွေ့ ပါမည်။
နည်း (၂)
  1. windows logo + R အား တွဲနှိပ်လိုက်ရင် Run dialog box လေးထွက်လာပါမည်။
  2. Run ၏ open box ထဲတွင် "cmd" အား ရိုက်ထည့်ပါ။ Cmd.exe window ထွက်လာပါမည်။
  3. ထို window ထဲတွင် "ipconfig" အား ရိုက်ထည့်ပြီး Enter ခေါက်ပါ။
  4. မိမိ၏ IP လိပ်စာနှင့်အတူ Subnet Mask နှင့် Default Gateway လည်းပေါ်လာပါသည်။
  5. Exit ရိုက်ထည့်ပြီး Enter ခေါက်ပါ။
Website များ၏ IP လိပ်စာအား ကြည့်ခြင်း
  • www.msn.com, www.yahoo.com, www.wn.com
  • windows logo + R အား တွဲနှိပ်လိုက်ရင် Run dialog box လေးထွက်လာပါမည်။
  • Run ၏ open box ထဲတွင် "cmd" အား ရိုက်ထည့်ပါ။ Cmd.exe window ထွက်လာပါမည်။
  • ထို window ထဲတွင် "ping www.msn.com" အား ရိုက်ထည့်ပြီး Enter ခေါက်ပါ။
  • [ ] ထဲတွင် ထွက်လာပါမည်။
  • Exit ရိုက်ထည့်ပြီး Enter ခေါက်ပါ။

Related Posts by Categories



Widget by Scrapur
Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts