August 31, 2008

Ccleaner အား အသုံးပြုခြင်း

Ccleaner သည် လွယ်ကူ၍ ထူးခြားချက်များ ရှိပါသည်။ ၄င်းတွင် လုပ်ဆောင်ချက် (၄)ချက်ရှိ၍ မိမိ၏ ကွန်ပြူတာအား သန့် ရှင်းအောင် ထားပေးပါသည်။ လတ်တလောကာလတွင် ၄င်းအား ပိုသုံးလာသည်ကို တွေ့ ရှိရပါသည်။ အချိန်အနည်းငယ်ပေး၍ လေ့လာစေလိုပါသည်။ ၄င်း programကို
http://www.filehippo.com/ တွင် download လုပ်နိုင်ပါသည်။
၎င်း၏ လုပ်ဆောင်ချက်များမှာ .. (၁) Cleaner ၊ (၂) Registryအား သန့် ရှင်းပေးခြင်း၊ (၃) Tools - programများ uninstall လုပ်ပေးခြင်း၊ (၄) Options

(၁) Cleaner - တွင် မလိုအပ်သော ဖိုင်များဖြစ်သည့် Windows နှင့် Applicationများကို သန့်  ရှင်းပေးမည်ဖြစ်သည်။ ထို့ ကြောင့် ၄င်းတို့ အား အမှန်ခြစ်ပြပါ။ ထို့ နောက် Analyze လုပ်၍ Run Cleaner buttonအား နှိပ်ပါက မလိုအပ်သည့်ဖိုင်များ ရှင်းလိုက်ပါသည်။

(၂) Registryအား သန့် ရှင်းပေးခြင်းသည် Registry Integrityထဲ ၀င်ရောက်နေသော အရာများ၊ ပြဿနာများအား Fixလုပ်ပေးပါသည်။

  • Scan for issues ကိုနှိပ်ပြီး Fix seleted issues buttonကို နှိပ်ပါ။
  • Do you want to backup changes to the registry? မေးခွန်းဘောက်လေးတွင် No ကို နှိပ်ပါ။
  • Unsued files extensionတွင် "Fix All Selected issues"button ကို နှိပ်ပါ။
  • Ok နှိပ်၍ close လုပ်လိုက်ပါ။
(၃) Tools - တွင်
  • Uninstall (မလိုအပ်သည့် programs များ ဖြုတ်ခြင်း) နှင့်
  • Startup programs (windows တက်စဉ် စတင်အလုပ်လုပ်သည့် programs)
Uninstall - ဘေးတွင် Programs to remove list ရှိပြီး ထိုထဲမှ ဖြုတ်လိုသည့် programအား select လုပ်ရမည်။
  1. Run Uninstaller -သည် select လုပ်ထားသော programအား ဖြုတ်ရန်ဖြစ်သည်။
  2. Rename Entry - သည် select လုပ်ထားသော programအား Registry ထဲဝင်ရောက်သော အမည်အား ပြောင်းပေးသည်။
  3. Delete Entry - သည် Registryထဲဝင်ရောက်နေသော Uninstall Entryအား ဖြုတ်ပစ်မည်။ သို့ သော် applicationအား ဖြုတ်ပစ်မည် မဟုတ်ပါ။

Startup programs -သည် windows တက်စဉ် စတင်အလုပ်လုပ်သည့် programsဖြစ်ပြီး windows တက်လာခြင်းအား ကြာစေပါသည်။ လတ်တလော မလိုအပ်သော programsများကို startup ဖြုတ်သင့်သည်။

  • Disable (startup programsအား မတက်လာခိုင်းပါ)
  • Delete (startup မှ ဖြုတ်မည်) - Program ဖြုတ်ခြင်း မဟုတ်ပါ။

Program ကို selectလုပ်၍ Disableနှင့် Delete လုပ်နိုင်ပါသည်။

(၄) Options - ကွန်ပြူတာဖွင့်တိုင်း Ccleaner အား သန့် ရှင်းရေး လုပ်ခိုင်းခြင်း

Options > settings > Run Ccleaner when computer starts အား အမှန်ခြစ်ပြပါ။

Related Posts by Categories



Widget by Scrapur

0 comments:

Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts