August 4, 2009

Stars rating ကို Blog Postတင်တိုင်း ပေါ်စေလိုက



Postတင်တိုင်း ထိုPostအား စာဖတ်သူအနေနဲ့ အကြောင်းအရာပေါ် မူတည်ပြီး Commentတွေ ပေးကြတယ်။ (သို့မဟုတ်)Stars Ratingတွေ ပေးကြတယ်။ ကျွန်တော် ဖော်ပြချင်တာကတော့ Star Ratingဖြစ်ပါတယ်။ ဒါက Commentလို မဟုတ်ဘဲ လွယ်လွယ်ကူကူနဲ့ ပေးနိုင်ပါတယ်။ ကြယ်လေးတွေကို ရွေးချယ်ပြီး Voteလုပ်ရုံပါပဲ။ ကျွန်တော့်ရဲ့ Postတွေကိုလည်း Vote လုပ်သွားပါဦး။ ပုံမှန်အားဖြင့် Bloggerမှ ပေးထားတဲ့ Templateတွေကို သုံးရင် Star Rating ပါထားပြီးသား ဖြစ်ပါတယ်။ သင်သည် Bloggerမှ ပေးထားသော Templateကို ယူသုံးထားပါက အောက်ပါအဆင့်အတိုင်းသွားပါ။

၁။ Blogger Sign In > Dashboard > Layout > Page Elements ကိုသွားပါ။
၂။ Page Elementsများတွင် Blog Posts၏ အောက်တွင် Editကို နှိပ်ပါ။
၃။ ထိုနောက် Stars Ratingကို အမှန်ခြစ်ပြပြီး Saveလုပ်လိုက်ပါ။

အကယ်၍ သင်သည် တခြား Custom Templateကို သုံးပါက။ အထက်ပါ အတိုင်း Blog Postsတွင် Stars Rating ပေါ်လာမည် မဟုတ်ပါ။ ထို့ကြောင့် ဤ Postတွင် တင်ပြရခြင်း ဖြစ်ပါတယ်။ တချို့ Bloggerတွေက ဒါကို ထည့်ရမှန်း မသိသေးသူများ ရှိပါတယ်။ ဒါကြောင့် လိုအပ်ပါက ထည့်နိုင်ပါတယ်။

သင်၏ Blogတွင် Stars Ratingမရှိသေးပါက အောက်ပါတိုင်း ထည့်သွင်းနိုင်ပါသည်။

၁။ ဦးစွာ www.outbrain.com siteကို သွားပါ။ တိုင်ရိုက်သွားလိုက ဤလင့်ကို နှိပ်ပါ။

၂။ မိမိ၏ Platformကို ရွေးပါ။ အထူးသဖြင့် Bloggerကို ရွေးပေါ့။ အောက်ပါပုံအတိုင်း မြင်ရမည်ဖြစ်သည်။

၃။ Get rating & recommendations widget for Blogger ဟူ၍ ပေါ်လာမည်ဖြစ်သည်။ Step ၂ဆင့် ရှိသည်။ ပထမအဆင့်သည် Step 1: Register (Optional) မှတ်ပုံတင်ရမည်ဖြစ်သည်။ မှတ်ပုံတင်ရန် I want to registerကို အမှန်ခြစ်ပြပါ။ Formဖြည့်ရမည်ဖြစ်သည်။
- Username:
- Password:
- Confirm Password:
- email:
- Blog URL:

များကိုထည့်သွင်းပါ။ By registering, I agree the Outbrain TOS and Privacy Policyကို အမှန်ခြစ်ပြပါ။
ထို့နောက် Register buttonကိုနှိပ်လိုက်ပါ။

၎။ Submittingလုပ်မည်ဖြစ်သည်။ ခဏစောင့်ရမည်ဖြစ်သည်။ ပြီးက မိမိ Emailသို့ Messageတစ်စောင် ပို့မည်ဖြစ်သည်။ Email checkလုပ်ပါ။ ထို Messageထဲတွင် Linkတစ်ခုကို နှိပ်ရန် တောင်းဆိုလာပါမည်။ Activateလုပ်ရန်ဖြစ်သည်။ ထို Linkအား နှိပ်လိုက်ပါ။ Windowတစ်ခု ထွက်လာမည်ဖြစ်သည်။ ဒါဆို Activateလုပ်ပြီးသွားပါပြီ။

၅။ ထိုနောက် ယင်း Windowတွင် Widgetထည့်ရန် Bloggerကို ရွေးပါ။ ထို့နောက် Add Widgetကို ထည့်ရန် Windowတစ်ခု ပေါ်လာပါမည်။ Nameပြောင်းနိုင်ပါသည်။ Add widget buttonကိုနှိပ်ပါ။ ဒါဆိုရင် ထည့်ပြီးပါပြီ။

၆။ View Blog ပေါ်၊ မပေါ် စစ်ဆေးပါ။ ပြီးပါပြီ။



မရှင်းလင်းတာ ရှိခဲ့ရင် Commentပေးသွားပါ။

Related Posts by Categories

Blogging


Widget by Scrapur

0 comments:

Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts

Copyright © 2009 Black Nero is Designed by Ipietoon Sponsored by Online Business Journal