July 31, 2009

Email Me Formထည့်သင့်ကြောင်း

Email Formကို Blogထဲတွင် ထည့်သင့်ပါသည်။ ဘာကြောင့်ထည့်သင့်ပါသလဲ?။ ထည့်သင့်တာပေါ့။ မိမိ Blogထဲသို့ရောက်လာသော စာဖတ်သူတွေက အကြောင်းတစ်စုံတစ်ရာကို သိချင်တယ်။ အကြံပေးလိုတယ်။ Messageပို့ချင်တယ်။ မေးမြန်းလိုတယ်။ အကြံတောင်းလိုတယ်။ ဒါကို အချိန်အတိုတွင်းမှာ Emailပို့သလို တိုက်ရိုက်ပို့နိုင်ပါတယ်။ ပို့ဖို့ Message serverထဲဝင်စရာမလိုပါဘူး။ မိမိ Blogမှ တိုက်ရိုက်ပို့နိုင်ပါတယ်။ ဒါဆို သိပ်ထည့်သင့်တာပေါ့။ ဒါဆို ဘယ်လိုထည့်မှာလဲ။

အဆင့်တွေက များပါတယ်။ စိတ်ရှည်စွာ ထည့်သွင်းရပါမယ်။ သရက်သီးမှည့်စားချင်ရင် မှည့်တဲ့အထိ စောင့်ရမှာပေါ့။ မလောနဲ့နော်.. ။ အမှားလုပ်မိမယ်။ မလိမ်မာရင် သုံးခါမောမယ်။ ပုံစံကို ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်ပါ။

ဦးစွာ..
၁။ ဤ Websiteထဲကိုဝင်ပါ။
၂။ ၄င်း Pageမှ Signup for Free linkကိုနှိပ်ပါ။
၃။ Sign Up လုပ်ပြီးပါက မိမိ၏ Emailထဲသို့ Link တစ်ခုပို့ပါမည်။ Activateလုပ်ရန် Linkပို့ခြင်းဖြစ်သည်။
၎။ မိမိ၏ Emailထဲသို့ဝင်ပါ။ ဥပမာ - Gmail။ ၀င်ပြီးပါက Emailmeform websiteမှ ပို့လာသော Messageကို တွေ့ရမည်ဖြစ်သည်။ ထို Linkအားနှိပ်ပါ။ ဒါဆို Activateလုပ်ပြီးပါပြီ။
၅။ Helloဆိုပြီ သင့်အား ကြိုဆိုပါမည်။ Nagivation Barအောက်တွင် Create New Form Linkကိုနှိပ်ပါ။
၆။ Web Form Wizard - Step 1တွင်
- Web Form Nameပေးပါ။ မြန်မာလိုပေးနိုင်သည်။
- Recipients Emails: တွင် သင်၏ Emailလိပ်စာကိုပြမည်။ ပြင်စရာမလိုပါ။
- Spam Email address: ထည့်စရာ မလိုပါ။
- Thank you page: သည့် တစ်ယောက်ယောက်က Messageပို့ပြီးက ပေါ်လာမည့် သင်၏ Blogစာမျက်နှာဖြစ်သည်။ မိမိ၏ Blog URLအား ထည့်ပါ။ ဥပမာ - http://to4you.blogspot.com
- Number of fields:သည့် မိမိထည့်လိုသော Fieldဖြစ်သည်။ ကျွန်တော့် Blogတွင် Field ၅ခု ထည့်ထားပါသည်။
ပြီးက Next buttonကို နှိပ်ပါ။


၇။ မိမိ၏ Field Nameကို ထည့်သွင်းရမည်ဖြစ်သည်။
- ကျွန်တော်၏ Blogတွင် (အမည်၊ အီးမေးလ်လိပ်စာ၊ အကြောင်းအရာ၊ အသေးစိတ်အကြောင်းအရာ၊ ပူးတွဲပို့လိုသော File ဟူ၍ မြန်မာလို ထည့်သွင်းထားပါသည်။ Text
- Text Effectထည့်နိုင်သည်။
- Field Typeတွင် အသေးစိတ်အကြောင်းအရာ Fieldအား Large Text (More Lines) ထည့်ရမည်။ အဘယ်ကြောင့်ဆိုသော အသေးစိတ် Messageကို ထည့်ရခြင်းကြောင့်ဖြစ်သည်။ ပူးတွဲပို့လိုသော Fileတွင် (File Attachment) ရွေးရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ပူးတွဲ Fileထည့်ရန်ဖြစ်သည်။ Required? တွင် Yes အခုတိုင်း ရွေးရမည်ဖြစ်သည်။ Next buttonကိုနှိပ်ပါ။

၈။ Step 3 တွင် No., Field Name and Size and Details ရှိပါသည်။ သင်ပြင်ရမျာ က Size and Detailsသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိ၏ Post Areaပေါ်မူတည်ပြီး Sizeကို ပြင်ရမည်ဖြစ်သည်။ ကျွန်တော့်၏ Formရှိ အသေးစိတ်အကြောင်းအရာတွင် clos= 60နှင့် Rows=20 ထားထားပါသည်။ ပူးတွဲပို့လိုသော Fileတွင် ၅၀ထားပါသည်။ ပြင်ပြီးက Nextကိုနှိပ်ပါ။






၉။ Step 4တွင်
- Font Face၌ Verdana, Zawgyi-oneထည့်ပေးပါ။
- Size=2,
- Textနှင့် Backgroundတွင် အရောင်ပြောင်းနိုင်သည်။ HTML color codeကိုထည့်နိုင်သည်။
- Form Descriptionသည့် မိမိ Form၏ အပေါ်တွင် ပေါ်မည့်စာသားဖြစ်သည်။ ထည့်သင့်ပါသည်။ ကျွန်တော့် Blog၏ ဆက်သွယ်ရန် နေရာတွင် ကြည့်ပါ။


- လောလောဆယ် မလိုအပ်သေးသည့် အရာများ မထည့်ထားပါ။
- Send Button Nameကို မြန်မာလိုရေးနိုင်သည်။ ကျွန်တော်က "အီးမေးလ်ပို့ပါ။"ဟုရေးထားပါသည်။ Alignmenကို Rightလုပ်ထားပါသည်။ မိမိထားလိုသောနေရာတွင် ထားပါရန်။
- Include Clear button- ဖျက်နိုင်သည်ဆိုသည့် Buttonလေး ထည့်လိုပါက။ ကျွန်တော်ထည့်ထားပါသည်။
- Anti-Spam တွင် Show Image with letters and numberများကို ပြရပါမည်။
- Display Modeသုံးခုရှိသည့်အနက် Web Form will be inside the web page, visitors never leave the siteကို ရွေးချယ်ရန် အသင့်တော်ဆုံးဖြစ်သည်။ ထိုမှသာလျှင် ဧည့်သည်တော်များ အထွက်သွားနိုင်ပါ။

- ပြီးက Next ကိုနှိပ်ပါ။
၁၀။ Step 5တွင် Send copy of senderနှင့် Include data for exportကို Yes ပြထားသင့်သည်။ Nextကိုနှိပ်ပါ။
၁၁။ Step 6သည့် Formပေါ်မည့်ပုံစံဖြစ်သည်။ ပုံစံမကြိုက်သေးပါက Backလုပ်၍ ပြင်နိုင်ပါသည်။ ထို့နောက် Finish buttonကိုနှိပ်ပါ။
၁၂။ You form has been saved သိမ်းပြီးကြောင်း. ထိုနေရာတွင် Get the HTML codeကိုနှိပ်ပါ။
၁၃။ Copy and Paste the HTML codeတွင် ထို Codeအား ကူးယူပြီး


ဆက်သွယ်ရန်ဆိုသည့် Postအတွက် New Postကို ခေါ်ပြီး HTML viewဖြင့်နှိပ်ကာ ထို Codeအား Pasteလုပ်လိုက်ပါ။ ခေါင်းစဉ်အား ဆက်သွယ်ရန် ရိုက်ထည့်ပါ။ ကြိုက်သလို ထည့်နိုင်သည်။

၁၄။ Publish Postနှိပ်ပါ။ လုပ်ဆောင်ချက် ပြီးပါပြီ။
မိမိပြုလုပ်ပြီးသော Formအား www.emailmeform.comတွင် ပြန်ပြင်နိုင်ပါသည်။ Formများစွာကိုလည်း ဖန်တီးနိုင်ပါသည်။
အဆင်ကတော့ များပါတယ်။ စိတ်ရှည်စွ

Related Posts by Categories



Widget by Scrapur

0 comments:

Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts