July 22, 2009

မိမိ၏ Folderအား တခြား Userဖွင့်၍မရအောင် Privateလုပ်ထားမယ်။

သင်အသုံးပြုနေသော ကွန်ပျူတာသည် User (၂)ခု (သို့) (၂)ခုထက်ပိုရှိနေပါက သင်၏ File Foldersများအား Privateလုပ်ထားသင့်သည်။ မိမိ၏ အချက်အလက်သည် ပုဂ္ဂိုလ်ရေးအရ၊ လုပ်ငန်းအရ လုံခြုံမှုရှိရမည်။ သို့မှသာ သူခိုး၊ ဂျပိုးများ လာနှောင့်ယှက်၍ မရနိုင်ပါ။ ရိုင်းသွားသလား မသိဘူး။ ရိုင်းသွားရင် ခွင့်လွတ်နော်။ သူငယ်ချင်းတစ်ယောက်က Windowsသိပ်မကျွမ်းကျင်သေးတော့ ဒီလိုဖြစ်ရပ်တွေ ကြုံနေလို့ အကူအညီလာတောင်းခဲ့ပါတယ်။ ဒါကို ဒီလိုလုပ်ခိုင်းလိုက်ပါတယ်။

အဆင့်များ -

၁။ ဦးစွာ User ရှိတဲ့ နေရာ Windows Systemရှိတဲ့ Local Dsik (C)ထဲကို ၀င်ပါ။
၂။ အကယ်၍ Local Disk (C)သည် Hiddenဖြစ်နေပါက Show the contents of this folderကိုနှိပ်လိုက်ပါ။


၃။ ထို့နောက် Documents and Setting ထဲသို့ Double clickဖြင့် ၀င်ရောက်ပါ။


၎။ ယင်းနောက် မိမိ၏ User folderကို ဖွင့်လိုက်ပါ။ မိမိ၏ User Nameကို သိလိုက Start Menuတွင် ၀င်ကြည့်လိုက်ပါ။


၅။ မိမိ Privateလုပ်လိုသော Folder ပေါ်တွင် R-clickနှိပ်ပြီး Propertiesကိုနှိပ်ပါ။ ၆။ Properties Dialog boxမှ Sharing Tabကိုနှိပ်ပြီး Local Sharing and Security Optionအောက်မှ Make this folder private check boxကို အမှန်ခြစ်ပြလိုက်ပါ။



၇။ ထို့နောက် Apply > Okနှိပ်ပါ။


မှတ်ချက်။ ။ ဤလုပ်ဆောင်ချက်သည် မိမိ၏ User Profileထဲတွင်ရှိသော Folderများကိုသာ လုပ်၍ရနိုင်ပါသည်။ သင်၏ User Profileထဲတွင် My Documents and its subfolders, Desktop, Start Menu, Cookies, and Favorites Foldersများသာရှိပါသည်။ အကယ်၍သင်သည် ယင်းတို့အား Privateမလုပ်ထားပါက မိမိကွန်ပျူတာအား အသုံးပြုသော မည်သူမဆို ယင်း Foldersများအား ဖွင့်ကြည့်နိုင်ပါသည်။ မိမိ Folderအား Privateလုပ်ထားပါက ဥပမာ - My Documents - My Documentထဲတွင်ရှိသော File, Sub-folder များဖြစ်ကြသည့် My Music and My Pictures folderများကိုလည်း Privateထားမည်ဖြစ်သည်။ အကယ်၍ မိမိ၏ Driveသည် NTFS - New Technology File System ဖြင့် မပြောင်းထားပါက၊ အသုံးမပြုထားပါက မိမိ၏ Folderအား Privateလုပ်၍ မရပါ။

Related Posts by Categories



Widget by Scrapur

0 comments:

Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts