September 1, 2008

အမေ့လက် (ကဗျာဖတ်ရင်း သီချင်းနားဆင်ပါ)

အမေ့လက်
မောင့်ချစ်သက်၏၊
လက်ဖ၀ါးနုသွေးဥရောင်လွှမ်း၊
ဝါဂွမ်းနှယ်အိကိုင်မထိရက်၊
ချွန်ထက်လက်သဲဆေးရောင်မြဲခြယ်၊
ပျက်ပြယ်မရှိနုနယ်ဘိတောင်း၊
ဖေါ့ဖယောင်းနှယ်ပျော့ပျောင်းသွယ်လွအလှပြည့်နှက်၊
ချစ်သူ့လက်။မောင့်မိခင်၏၊
ညိုလွင်ပြာနှမ်းမာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်ရင့်ရော်သွင်မှာ၊
ဆယ်ဖြာလက်ချောင်းပြည့်ဖေါင်းမညက်၊
ညံ့သက်မှုကင်းရောင်ဆင်းညှိုးမဲ၊
လက်သဲငုံးတိချေးညှော်ပြည့်မွအလှပျက်ပြယ်၊
အမေ့လက်။ဖေါင်းအိနုညက်၊
ချစ်သူ့လက်နှင့်ရော်ရင့်ကြမ်းခက်၊
အမေ့လက်တွင်သိမြင်လာရ၊
“အလှ” “အလုပ်”ခွဲထုတ်ချေမိ၊
အမေ၏လက်အလုပ်လက်သည်အသက်တမျှ၊
မနားရချေဘ၀ခရီးသားသမီးတွက်၊
ထိုလက်အစွမ်းဘ၀လမ်းတွင်၊
လှပန်းဆင်ခဲ့အားမာန်ဖွဲ့ရစ်၊
သည်အဖြစ်ကြောင့်အချစ်၏လက်၊
ပြောင်းသွယ်ညက်စေအမေ၏လက်၊
အလုပ်လက်သာနှစ်သက် ဂုဏ်ယူ ဘွယ်တကား။
ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)

Related Posts by Categories



Widget by Scrapur

2 comments:

Unknown on September 16, 2008 at 4:20 PM said...

Eh Kha, အဲ့ဒီအမေသီချင်းကို အရမ်းကြိုက်တယ်။ ငါတို့လို့ အမေနဲ့ဝေးနေရတဲ့ သားသမီးတွေအတွက် အလွမ်းပြေ အဲ့ဒီသီချင်းကိုနားထောင်နေရတယ်။ ဘယ်နိုင်ငံရောက်ရောက်ပေါ့လေ။ နင့်အတွက်ရော ငါ့အတွက်ပါ ဆုတောင်းလိုက်ပါတယ်။ ငါတို့တွေ မိဘရင်ခွင်ကို အမြန်ဆုံးပြန်ရောက်ပါစေလို့ ....

Unknown on September 16, 2008 at 4:28 PM said...

Eh Kha, အဲ့ဒီသီချင်းကို အရမ်းကြိုက်တယ်။ ငါတို့လို အမေနဲ့ဝေးနေရတဲ့သားသမီးတွေအတွက် အလွမ်းပြေ ပေါ့ဟာ။ နင့်အတွက်ရော၊ ငါ့အတွက်ပါ ဆုတောင်းလိုက်ပါတယ် “မိဘရင်ခွင်ကို အဆင်ပြေချောမွေ့စွာနဲ့ အမြန်ဆုံးပြန်ရောက်ပါစေ”လို့ ....

Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts