Linkတွေကို Drop Down Menu Listဖြင့် ဖော်ပြတဲနည်းနဲ့ ပတ်သတ်ပြီး ယခုတင်ပြမည့် Postသည် အင်မတန် အသုံးဝင်လှပါသည်။ Side Barတွေ Footer Barတွေမှာ တင်လိုက်တဲ့ Widget/Gedgetတွေဟာ နေရာယူမှု များပါတယ်။ Liksတွေကို Bloggerထဲမှာ ရှိတဲ့ Link Listထဲမှာ ထည့်လျင်လည်း နေရာယူမှုများပါတယ်။ ဒီလိုနေရာယူမှုများတဲ့အတွက် ကျွန်တော်တို့ရဲ့ Main Pageဟာ အလွန်ရှည်လျားလှပါတယ်။ တချို့သောBloggerသမားများသည် Linkများစွာကို ဖော်ပြလိုကြတယ်။ ဒီလို များစွာသော Linkများကို Side Barမှာ ဖော်ပြလိုက်ပါက Main Pageမှာ ပြည်လျှံသွားမည်မှာ သေချာပါတယ်။ ကိုင်း Linkများကို Drop Down Menu Listထဲမှာ သွင်းကြရအောင်..
ဦးစွာ...
၁။ ဤ Link ကိုနှိပ်ပါ။
၂။ Default text (such as "Select a blog")အကွက်တွင် ခေါင်းစဉ်ရိုက်ထည့်ပါ။
၃။ Option Name: အကွက်တွင် Link၏အမည်ကို ရိုက်ထည့်ပါ။ ဥပမာ - 3D Fish Screensaver
၎။ Option Link: အကွက်တွင် ထို 3D fish Screensaver၏ Linkကို ထည့်သွင်းရမည်ဖြစ်သည်။ Pasteလုပ်ပါ။
၅။ Add Option Bottonကိုနှိပ်ပါ။ ဒါဆို Linkတစ်ခုထည့်ပြီးသွားပါပြီ။ မိမိ၌ရှိသော Linkမှန်သမျှကို ထည့်သွင်းပါ။
၆။ ထို့နောက် Looks great! Add this menu to my blog bottonကိုနှိပ်ပါ။
၇။ ထွက်လာသော Pageတွင် Titleကိုရိုက်ထည့်ပြီး Add Widgetကိုနှိပ်ပါ။ နေရာအထားအသို လုပ်နိုင်သည်။
ဒါဆို လှပတဲ့ Drop Down Menu Listကို မိမိကြိုက်သလို ထည့်သွင်းနိုင်ပါပြီ။
0 comments:
Post a Comment