July 16, 2009

Favicon ဆိုတာဘာလဲ? ဒါကို Blogထဲမှာ ဘယ်လိုထည့်မှာလဲ?

Faviconဆိုတာဘာလဲ?

Faviconဆိုတာ Web Broswer Windowရဲ့ Address နားမှာ ဖြစ်ဖြစ် Tabမှာဖြစ်ဖြစ် ပေါ်နေတဲ့ Web/ Site/Blogအမည်ကို ကိုယ်စားပြု ရည်ညွန်းထားတဲ့ Iconပုံလေးသာဖြစ်သည်။ Website/ Blogတစ်ခုခုကို ၀င်ဖွင့်လိုက်သည်နှင့် Faviconလေးသည့် ထို Website/ Blog၏ လိပ်စာအရှေ့တွင် ပေါ်မည်ဖြစ်သည်။

Faviconကို ဥပမာအရ ပြောရရင်. ကျနော့် Blogကိုဖွင့်လိုက်သည်နှင့် လိပ်စာတွင် အောက်ပါပုံလေးအတိုင်း ထွက်ပေါ်လာမည်ဖြစ်သည်။


ဒါကို Blogထဲမှာ ထည့်လို့ရပါသလား?
ဟုတ်ကဲ့ ထည့်နိုင်ပါတယ်။

ဒါဆို ဘယ်လိုထည့်မှာလဲ? နည်းပြပေးပါ။

ဟုတ်ကဲ့။ Faviconကို Bloggerထဲမှာ ထည့်မယ်ဆိုရင် အောက်ပါအဆင့်များကို လုပ်ဆောင်ပါ..

  • Faviconပုံတွေကို သင်ကိုယ်တိုင် Image Editor/ Photo Editorဖြင့် ဖန်တီးနိုင်ပါသည်။ ဥပမာ - Photoshopစသည်ဖြင့် ပြုလုပ်နိုင်ပါသည်။ Internetထဲမှာလည်း ရှာနိုင်ပါသည်။ မရှာပါနဲ့တော့။ အခု ကျွန်တော်ပေးတဲ့ Websiteမှ ယူနိုင်ပါသည်။ ၄င်းတွင် မိမိကိုယ်တိုင်လည်း ဖန်တီးနိုင်ပါသည်။ ကျွန်တော်ကတော့ ပြင်းလို့ သူပေးထားတဲ့ Lastest Faviconsကိုပဲယူပါတယ်။
  • ဦးစွာ Blogger > Layout > Edit HTML > Expand Widgetကို အမှန်ခြစ်ပြဖို့ မမေ့ပါနဲ့။
  • ထို့နောက် အောက်ပါ Codeကိုရှာပါ။
    <b:skin><![CDATA[/*

  • တွေ့ရှိပါက ယင်း Codeအပေါ်တွင် အောက်ပါ Codeကို ထည့်သွင်းလိုက်ပါ။
    <link href='Your Favicon URL' rel='shortcut icon'/>

  • ၄င်းနောက် Your Favicon URLနေရာတွင် မိမိကြိုက်နှစ်သက်တဲ့ Faviconပုံ၏ linkကို ထည့်သွင်းရမည်ဖြစ်သည်။ သွင်းရန် ဤwebsiteကို ထပ်သွားပါ။ Latest Favicon ကိုနှိပ်ပါ။
  • မိမိကြိုက်နှစ်သက်တဲ့ Faviconကိုနှိပ်လိုက်ပါ။ ပုံအကြီးနှင့် အသေးရှိပါသည်။ အသေးပေါ်တွင် Right-clickနှိပ်ပြီး Propertiesကိုနှိပ်ပါ။
  • Location မှ Linkကို Selectလုပ်ပြီး Copyလုပ်ပါ။
  • နောက်တဖန် အထက်ပါ ပြောပြထားသည့်အတိုင်း Your Favicon URLနေရာတွင် မိမိ Copyလုပ်ထားသော Linkကို အစားထိုးသွင်းလိုက်ပါ။
  • Save Templateဖြင့် အဆုံးသတ်ပါ။ ဒါဆို Faviconအကြောင်းကို သိသင့်သလောက် သိပြီပေါ့။

Related Posts by Categories



Widget by Scrapur

0 comments:

Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts