Net Meeting နဲ့ပတ်သတ်ပြီး သင်လုပ်နိုင်သောအရာများမှာ Transfer files, Whiteboard, Chat(English), Share Programs, Speaking, Recording Sound and Webcanများဖြစ်ကြပါသည်။
- Windows Logo + R နှိပ်၍ "conf" ရိုက်ထည့်ပြီး Enterနှိပ်ပါ။ ဒီ dialog boxလေး ထွက်လာပါမည်။ Next နှိပ်ပါ။
- My directory information box လေးထွက်လာပါမည်။ မိမိ၏ အချက်အလက်များ ရိုက်ထည့်ပါ။ သို့မှသာလျှင် အခြားကွန်ပျူတာမှ သင်၏ အချက်အလက်များကို သိနိုင်မည်။ ထို့နောက် Nextကို နှိပ်ပါ။
- နောက် dialog boxတစ်ခုမှာ > Log on to a directory server when NetMeeting starts (NetMeeting ဖွင့်လိုက်သည့်အခါ directory serverထဲကို ၀င်ဖို့ပါ)။ > Do not list my name in the directory (Directoryထဲမှာ မိမိ၏ Name ကို မဖော်ပြရန် တောင်းဆိုတာပါ)။ ဒါကို အမှန်ခြစ် ဖြုတ်နိုင်ပါတယ်။ ထို့နောက် Nextကို နှိပ်ပါ။
- နောက် Dialog boxက မိမိ၏ Connection speedကို ရွေးခိုင်းတာပါ။ ကျနော်က Local Area Connectionကို သုံးပါမယ်။ ထို့နောက် Nextကို နှိပ်ပါ။
နောက်တစ်ဆင့်က NetMeeting Iconကို ဘယ်မှာထားချင်တယ် ဆိုတဲ့ ရွေးချယ်မှုပါ။ Desktopမှာ ထားချင်တယ်၊ Quick Launchမှာ ထားချင်တယ်ဆိုတဲ့ ရွေးချယ်မှုပါ။ ရွေးချယ်ပြီးက Nextကို နှိပ်ပါ။
နောက်တစ်ဆင့်က Audio Tuningအတွက် အသံနဲ့ပတ်သတ်တဲ့ Programကို ဖွင့်ထားခဲ့ရင် ပိတ်ဖို့ အသိပေးထားချက်ပါ။
- ဒီအဆင့်မှာတော့ Audioအတွက် သင့်စက်ထဲတွင်ရှိသော Wave deviceကို မှန်၊ မှန်ရွေးချယ် ခိုင်းတာပါ။ Recording and Playebackမှာ ရွေးနိုင်ပါတယ်။ မိမိ၏ deviceအား ဖော်ပြထားပြီးသားပါ။ ထို့နောက် Nextကိုနှိပ်ပါ။
ဒီအဆင့်မှာတော့ သင့်၏ speakerနဲ့ headphoneအား ကွန်ပျူတာနဲ့ ချိပ်ဆက်မှု ရှိ၊ မရှိနဲ့ playback အတွက် လက်ခံ၊ မခံ စစ်ဆေးတာပါ။ ပြီးက Nextကိုနှိပ်ပါ။
ဒီအဆင့်မှာတော့ မိမိ၏ Microphone၏ အသံအလုပ် လုပ်၊ မလုပ်နဲ့ သင့်တော်မှု ရှိ၊ မရှိ စစ်ဆေးတာပါ။ သင်ကိုယ်တိုင်လည်း " " ထဲတွင်ရှိသော စာသားအား ပြောကြည့်ရပါမည်။ ထိုအချိန်တွင် အစိမ်းရောင် အသံလှိုင်း ထွက်လာပါမည်။
- ထို့နောက် Tuning ပြီးကြောင်း ဖေါ်ပြပြီး Finish ကိုနှိပ်ပါ။
NetMeeting dialog boxထွက်လာပါပြီ။ ကျနော်က Networkမှာရှိတဲ့ ကွန်ပျူတာတွေနဲ့ပဲ Meeting လုပ်ပါမယ်။ ထို့ကြောင့် Meeting လုပ်နိုင်ဖို့အတွက် အခြားကွန်ပျူတာရဲ့ IP addressကို သိရပါမယ်။ အခြား users များရဲ့ IP addressကို သိချင်ရင် Net Sendနဲ့ လှမ်းတောင်နိုင်ပါတယ်။ ရသော IP addressကို Phone buttonရဲ့ boxထဲမှာ ရိုက်ထည့်၍ ထို buttonအား နှိပ်ပါ။ မိမိသည် အခြား Userမှ ခေါ်လာခဲ့ရင် Automatic acceptလုပ်နိုင်ရန် Call menu> Automatic accept callsကို နှိပ်ထားပါ။ ခေါ်နေစဉ်အတွင်း ဖုန်းရဲ့ Ringအသံကို ကြားရပါမယ်။ အခြားကွန်ပျူတာမှလည်း လက်ခံရန် dialog box ပေါ်လာပါဦးမယ်။ ထိုလူမှ Acceptလုပ်ရန် Response လုပ်ရပါမယ်။ ဒါဆို အဆက်သွယ် ရပါပြီ။ Name ရဲ့ အောက်မှာ Meeting ထိုင်နေတဲ့ လူတွေရဲ့ အမည်ကို ဖေါ်ပြသွားပါမယ်။
ပထမဦးဆုံး Transfer filesကို တင်ပြသွားပါမယ်။ buttonကိုနှိပ်လိုက်ပါ။ အောက်ဖေါ်ပြပါ ပုံအတိုင်း ဆက်လုပ်ပါ။ ပထမ fileကို Addလုပ်ပါ။ ဒုတိယ -ထည့်သွင်းလိုက်သော fileများကို selectလုပ်ပါ။ တတိယ ပို့မည့် Userကို ရွေးပါ။ (အားလုံး ပို့မယ်ဆိုရင် Allနှိပ်ပါ။)။ တတိယ Transferလုပ်ပါ။ မှတ်ချက် - File menuမှ လည်း လိုအပ်သလို သုံးနိုင်ပါတယ်။
နောက် buttonတစ်ခုက Whiteboardပါ။ Whiteboardကို နှိပ်လိုက်ရင် အခြားUserရဲ့ computer မှာလည်း ပေါ်ပါမယ်။ မိမိ ကြိုက်တာရေး၊ ဆွဲပါ။ အခြားသူ ရေးဆွဲတာကိုလည်း တွေ့ရလိမ့်မယ်။
နောက် buttonတစ်ခုက Chatလုပ်တဲ့ အခန်းပါ။ မိမိ ပြောလိုသော၊ ရိုက်လိုသော စာကို Message: အောက်တွင် ရိုက်ထည့်ပါ။ Send to ဆိုတာ မိမိ ပိုရမည့် User၏အမည်ကို ရွေးရမည်။ ကွန်ပျူတာမှ All ဆိုတာကို ဖော်ပြပါမည်။ အားလုံးကို Conference အနေနဲ့ chattingလုပ်နိုင်ပါသည်။ အကယ်၍ တစ်ဦး တစ်ယောက်ကိုသာ ပို့လိုပါက သွားရွေးရပါမည်။

နောက်ဆုံ buttonတစ်ခုက Share Programsဖြစ်ပါတယ်။ မိမိ shareလုပ်လိုသော programအား အခြား usersများ သုံးနိုင်ရန် ခွင့်ပေးခြင်းဖြစ်သည်။ ဦးစွာ- မိမိ shareလုပ်လိုသော programကို select လုပ်၍ Share buttonကို နှိပ်ရမည်။ Share in true colorသည် Resolution ကောင်းမွန်စွာ ကြည့်နိုင်ရန်အတွက် အမှန်ခြစ်ပြထားရပါမည်။ သို့သော် မိမိ၏ graphic နဲ့ speed ကောင်းမွန်ပါက ပိုသင့်တော်ပါသည်။ Allow controlသည် အခြား userအား အသုံးပြုခွင့် ပေးခြင်းဖြစ်သည်။ Share မလုပ်လိုပါက Unshare ပြန်နှိပ်ပါ။
မှတ်ချက်။ ။
- NetMeeting လုပ်မည်ဆိုက မိမိကွန်ပျူတာ၏ Userသည် Administrator Rights ရရှိထားရမည်။
- Control panel မှ Firewall ဖွင့်ထားရမည်။ Windows Firewallမှ Exception tabတွင် Windows NetMeeting ဖွင့်ထားမှု ရှိရပါမည်။
- NetMeeting စဖွင့်ပါက Windows Security Alertsမှ NetMeetingအား Lock/ Unlockလုပ်ရန် တောင်းဆိုပါမည်။ Unlock လုပ်ရမည်။
- Service ဖွင့်ရပါမည်။ NetMeeting Remote Desktop Sharing serviceကို ဖွင့်ပါ။
ဆက်လက်ဖော်ပြရန်ရှိသည်။
0 comments:
Post a Comment