September 9, 2008

WinPatrol ဖြင့် မသင်္ကာဖွယ်ရာများ ဖယ်ရှားစို့

WinPatrolသည် ပေါ့ပါး၍ functionsများစွာ ချဲ့ထွင်ပါဝင်ကာ system utilities များနဲ့ ထပ်ပေါင်းထားပါသည်။ ၄င်းသည် program ပေါင်း (၁၆၀၀၀)၏ ဖော်ပြချက်များကို လွယ်ကူစွာ နားလည်စေရန် စီမံဆောင်ရွက်ထားပါသည်။ Hijackings, malware ၀င်ရောက်နေမှုနှင့် ခွင့်ပြုချက်အား မတောင်းဘဲ မိမိကွန်ပြူတာ၏ အရေးကြီးသည့် systemပြောင်းလဲမှု စသည့်ဖြစ်ရပ်များကို WinPatrolမှ အသိပေးနှိုးဆော်လိမ့်မည်။
၎င်းprogramကို http://www.filehippo.com/ မှ Anti-Spywareအုပ်စုအောက်၌ View moreအားနှိပ်ပါက တွေ့နိုင် ပါသည်။ ထို့နောက် Installလုပ်၍ applicationအား runပါ။ မိမိကွန်ပြူတာ၏ taskbarတွင် iconအား double clickလုပ်ပါ။
WinPatrolတွင် တင်ပြလိုသော လုပ်ဆောင်ချက်များမှာ Startup Programs, Active Tasks, Hidden Files, ActiveX and File typesများကို ဖော်ပြသွားမှာပါ။
Startup programs ကို အချို့ ဘော်ဒါတို့ သိရှိပြီးဖြစ်လိမ့်မယ်။ သို့သော် အခြေခံလေ့လာသူများအတွက် လိုအပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာလည်း Spywareများ virusများ သုတ်သင်ရာမှာ အခြေခံအကျဆုံး နည်းတစ်နည်း ဖြစ်ပါတယ်။ startup programsသည် computer logonအပြီး Auto Runသော programများကို ဆိုလိုသည်။ လက်တလော အသုံးမပြုသေးသော programများ၊ spywareများ၊ အချို့ သော virus programများသည်လည်း startupအနေနဲ့ ၀င်ရောက်နေတတ်ပါတယ်။ ထိုlistမှ check boxကို အမှန်ခြစ်ပြ၍ disable or removeလုပ်လိုက်ပါ။ မသင်္ကာဖွယ်ရာ programများကို remove တန်းလုပ်ပါ။

Active Tasksသည် လက်ရှိသုံးနေသော programsများဖြစ်ပြီး Windowsကို ကြည့်ရှုစောင့်ရှောက်နေသော ခွေးကလေးမှ ရှာဖွေတွေ့ရှိ၍ ဖော်ပြထားပါသည်။ မလိုအပ်သော Tasksများအား ပိတ်ထားနိုင်ပါတယ်။ kill taskကို နှိပ်ပါ။
Hidden fileများသည် ဥပဒေနှင့်ညီသော Windowမှ မရှိမဖြစ် လိုအပ်သော fileများဖြစ်သည်။ များသောအားဖြင့် malware, spyware, adware programများသည် Hidden fileများအနေဖြင့် ၀င်ရောက်တတ်သည်။ မသင်္ကာဖွယ်ရာ fileများပေါ်တွင် R-clickနှိပ်၍ delete or delete file on Rebootအား နှိပ်ပါ။

ActiveX Controlသည် Register လုပ်ထား၍ IEမှ အသုံးပြုနေသော fileဖြစ်ပါတယ်။ securityအား ဒုက္ခပေးနေသော အချိန်၌ ထိုfileများကို WinPatrolမှ ActiveX Controlအား disableလုပ်ခွင့် ပေးထားသည်။ သို့သော် ကာကွယ်ခြင်း မပေးထားပါ။ IEမှ အသုံးမပြုသော ActiveX controlများကို ကြည့်လိုပါက list boxအား အမှန်ခြစ်ပြပါ။ မသင်္ကာဖွယ်ရာ activeX controlများကို disableလုပ်ပါ။
File typesသည် fileအမျိုးအစားဖြစ်ပြီး သီးသန့်အနေဖြင့် ရပ်တည်နေသော fileများဖြစ်သည်။ လတ်တလော အသုံးပြုရန် မလိုအပ်သေး၍ဖြစ်စေ အသင်္ကာဖွယ်ရာfileများတွေရှိပါက removeလုပ်ပါ။
WinPatrolတွင် မဖော်ပြ၍ ကျန်နေသေးသော လုပ်ဆောင်ချက်များမှာ အထက်ပါတင်ပြထားခြင်းထက် အရေးမကြီးသောကြောင့်ဖြစ်သည်။ commentလေးများ ပေးသွားစေလိုပါသည်။
WinPatrolဖြင့် မသင်္ကာဖွယ်ရာများ ဖယ်ရှားကြစို့

Related Posts by Categories



Widget by Scrapur

0 comments:

Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts