February 23, 2009

Hide Local Disk

မိမိ၏ ကွန်ပျူတာထဲတွင်ရှိသော Local Diskများအား ဖျက်လိုပါက ...

၁) Desktopပေါ်တွင်ရှိသော My Computer Iconပေါ်တွင် R-clickနှိပ်၍ Manageကိုနှိပ်ပါ။

၂) Computer Management အောက်တွင် Disk Managementကို နှိပ်ပါ။

၃) အလယ် panelတွင် Locla Disk (C)နှင့် (D)ကို တွေ့ပါလိမ့်မည်။ Local Disk (D)ပေါ်တွင် R-clickနှိပ်၍ ပေါ်လာသော Menuမှ Change Drive letters and pathsကို နှိပ်ပါ။


၎) Dialog boxထွက်လာသောအခါ Remove ကိုနှိပ်၍ OKကိုနှိပ်ပါ။ ဖွက်ထားလိုက်ပါပြီ။ ပုံအတိုင်း ပျောက်သွားပါပြီ။






၅) ပြန်ဖေါ်လိုပါက - Computer Management > Disk Managment > R-click " " > Change Drive Letters and pahtsနှိပ်ပါ။

၆) နောက် Dialog boxတွင် Addကို နှိပ်ပါ။


၇) နောက် dialog box တစ်ခုတွင် Addလုပ်ရန် Dကို ရွေးထားသဖြင့် Ok နှိပ်ရုံပါ။ ဒါဆိုရင် D ပြန်ပေါ်လာပါပြီ။

Comment လေးများ ပေးသွားပါဦးလား။
ဆက်ဖတ်ရန်

February 22, 2009

Creating User Accounts - Part 3

ဤသင်ခန်းစာနှင့် ပတ်သတ်၍ တင်ပြဖို့ အချိန်ကြာသွားပါသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၀၉ Januaryလက ထုတ်လွင့်သော Windows 7ကို စိတ်ဝင်စားသွားပြီး ကျွန်တော့်ရဲ့ ကွန်ပျူတာမှာလည်း Windows 7 တင်ဖြစ်လိုက်တယ်။ ကျွန်တော့အမြင်မှာတော့ Window Vistaထက် ကောင်းတယ်လို့ ထင်ပါတယ်။ ပို၍ မြန်ဆန်လာပါတယ်။ Vistaကို သုံးရတာ သိပ်အဆင်မပြေဘူး။ မဆင်မပြေတာက XPလောက် မကောင်းလို့ပါ။ တော်သေးပါရဲ့ မ၀ယ်ဖြစ်တာ။ ကဲ ကောင်းပြီ။ Windows 7 နဲ့ပဲ တင်ပြသွားပါမယ်။

User Account ဖန်တီးရန် ....

၁) Desktopပေါ်မှာရှိတဲ့ My Computer Iconပေါ်တွင် R-clickနှိပ်၍ ပေါ်လာသည့် Menuမှ Manageကို နှိပ်ပါ။

၂) Computer Management Windowမှ Left panelတွင် Local Users and Groupsအောက်မှ User ကိုနှိပ်ပါ။

၃) ထို့နောက် Users panelတွင် လွတ်နေသော နေရာ၌ R-clickနှိပ်၍ ပေါ်လာသော Menuမှ New Userကို
နှိပ်ပါ။


၎) New User dialog boxတွင် User name, Full name, Description, Password, Confirm passwordတို့
ကို မိမိလိုသလို ရိုက်ထည့်လိုက်ပါ။ ပုံတွင် ပြထားသည့်အတိုင်း ကိုးကားပါ။ ထို့နောက် Confirm password
အောက်တွင် User cannot change password (သို့) Password never expiresကို ရွေးပါ။ ထို့နောက်
Create ကို နှိပ်ပါ။ ပြီးက Close buttonကို နှိပ်ပါ။ ဖန်တီးပြီးသွားပါပြီ။ သို့သော် ထိုuserသည် ရိုးရိုး User
သာဖြစ်သည်။



- မိမိပြုလုပ်လိုက်သော Userပေါ်တွင် R-clickနှိပ်၍ Propertiesကို နှိပ်လိုက်ပါ။


၆) Moe properties dialog box တွင် Tab သုံးခုမှ Member of tabကို နှိပ်လိုက်၍ Add buttonကို
ဆက်နှိပ်ပါ။


၇) ထို့နောက် Select Groups dialog boxမှ Advancedကို ဆက်နှိပ်ပါ။ ထို့နောက် Select Groups dialog
box နောက်တစ်ခုပေါ်လာပါမည်။

- ထို dialog boxမှ Find now ကိုနှိပ်၍ မိမိ ပေးလိုသော User typeကို ရွေးချယ်လိုက်ပါ။ ဥပမာ -
Administrator ဆိုပါစို့။ ရွေးချယ်ပြီးက Ok ကိုနှိပ်ပါ။ နောက် Okကို ဆက်နှိပ်ပါ။


၈) ဒါဆိုရင် User type ယူပြီးသွားပါပြီ။ မိမိ၏ User groupသည် နှစ်ခုဖြစ်နေပါသည်။ ၄င်းတို့မှာ
Administratorနှင့် Usersတို့ဖြစ်သည်။ Userကို ဖျက်ပစ်နိုင်ပါသည်။

၉) ဖျက်ပစ်ရန် - Moe properties dialog boxမှ Userကို Selectလုပ်၍ Removeနှိပ်ပါ။ ထို့နောက် Apply
နှိပ်၍ Ok ဆက်နှိပ်ပါ။ ပြီးပါပြီ။

မှတ်ချက်။ ။ သင်သည် User ကန့်သတ်ချက်နှင့် ပတ်သတ်၍ Userတစ်ခု၏ လုပ်ဆောင်နိုင်မှု အချက် အလက်များကို ကန့်သတ်နိုင်ပါသည်။ ဥပမာ- Administrator, Power User, Local User, User စသည်ဖြင့် သတ်မှတ်နိုင်ပါသည်။


Comment လေးများ ဖတ်ချင်ပါတယ်။
ဆက်ဖတ်ရန်

February 16, 2009

Create a user with CMD - Part 2

ယခု postသည် မိမိကွန်ပျူတာတွင် CMDဖြင့် အလွယ်တကူ Userအသစ် ပြုလုပ်နည်းဖြစ်သည်။ ဤ Userသည် Limited accountသာဖြစ်သည်။ သို့သော် passwordဖန်တီးနိုင်ပါသည်။

CMDဖြင့် Userအသစ်ဆောက်ရန်...

(၁) Windows Logo + R နှိပ်၍ "cmd"အားရိုက်ထည့်ပါ။ Ok နှိပ်ပါ။
(၂) Cmd window တက်လာသောအခါ အောက်ပါစာသားအား ရိုက်ထည့်ပါ။
- net user Username /ADD
- net user ရိုက်ထည့်၊ Username ရိုက်ထည့်၊ /Add ရိုက်ထည့်။


ထို့နောက် Enterခေါက်ပါ။ ဖန်တီးပြီးသွားပါပြီ။

CMDဖြင့် User password ဖန်တီးရန်...

(၁) CMD windowတွင် "net user" ရိုက်ထည့်၍ Enterခေါက်ပါ။ ထို့နောက် မိမိကွန်ပျူတာတွင်ရှိသော User
မှန်သမျှအား ဖော်ပြပေးပါမည်။
(၂) မိမိ passwordဖန်တီးလိုသော Userအတွက် အောက်ပါ commandကို ရိုက်ထည့်ပါ။ ဥပမာ - Zaw
ဆိုသည့် Userဆိုပါစို့။
- net user Zaw password
- net user ရိုက်ထည့်၊ Zaw ဆိုသည့် Usernameရိုက်ထည့်၊ မိမိထည့်လိုသော password ရိုက်ထည့်။
ထို့နောက် Enterခေါက်ပါ။ password ဖန်တီးပြီးသွားပါပြီ။

မှတ်ချက်။ ။ Administrator account typeပြောင်းလိုက Control panelထဲတွင် ပြုလုပ်နိုင်ပါသည်။

{ Create a new user - part 3အား ဆက်လက်လေ့လာပါ။ }
ဆက်ဖတ်ရန်

February 15, 2009

How to Create User in XP (Part 1)

Windows XP userအနေနဲ့ တချို့က သိပြီးသား ဖြစ်မှာပါ။ ကျနော်သည် Windows Vistaကို မကြိုက်တဲ့အတွက် XPကိုသာ ဆက်သုံးနေပါသည်။ Windows 7ကို Vistaထက် ပိုနှစ်သက်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် XPကို အနည်းဆုံး 2015အထိ ဆက်သုံးဦးမှာဆိုတော့ အခြေခံလေ့လာသူအနေနဲ့ ဒီpostလေးကို တင်ပေးလိုက်ပါတယ်။
User အသစ်ဖန်တီးမယ်ဆိုရင်..

၁) Control Panel ထဲသို့သွားပါ။
၂) User Accountကို နှိပ်ပါ။ User Account window အောက်တွင် Pick a taskမှ Create a new accountကိုနှိပ်ပါ။


၃) ထို့နောက် User accountတွင် Name the new account boxတွင် မိမိပေးလိုသောအမည်ကို ရိုက်ထည့်ပါ။
Next နှိပ်ပါ။
၎) Pick an account type - User လုပ်ပိုင်ခွင့်ကို ရွေးချယ်ရမည်ဖြစ်သည်။ ထို့နောက် Create account
buttonကို နှိပ်ပါ။(က) Computer Administrator - အုပ်ချုပ်ရေးမှူး
- Create, change and delete accounts (accountများ ဖန်တီး၊ ပြောင်းလဲခြင်းနှင့် ဖျက်ပစ်ခြင်း)
- Make System wide changes - (systemပိုင်းဆိုင်ရာများ ပြောင်းလဲနိုင်ခြင်း)
- Install programs and accept all files (programများ ထည့်သွင်းခြင်းနှင့် ဖိုင်းများအားလုံး
လက်ခံနိုင်ခြင်း)
(ခ) Limited (ကန့်သတ်)
- မိမိ accountကိုသာ ပြင်ဆင်နိုင်၊ မိမိစကားဝှက်များ ပြောင်းလဲနိုင်သည်။
- မိမိပုံ၊ Themeနှင့် အခြား Desktop ပြင်ဆင်ချက်များ ပြုလုပ်နိုင်။
- မိမိဖန်တီးထားသောဖိုင်များ ကြည့်နိုင်၊ ပြုပြင်နိုင်သည်။
- အခြား Userမှ Shareလုပ်ထားသော filesများ ကြည့်နိုင်သည်။
Programပေါ်မူတည်ပြီး မိမိUserထဲတွင် ထည့်လိုသော programများ ကန့်သတ်ထားသည်။

၅) Accountဖွင့်ပြီးပါပြီ။ သို့သော် အခြားပြင်ဆင်စရာများ ရှိပါသေးသည်။ ထို့နောက် မိမိပြုလုပ်ထားသော Userအား နှိပ်ပါ။
What do you want to change about Zaw Zaw's account? တွင်

- Change the name - အမည်ပြောင်းနိုင်ခြင်း
- Create a password - စကားဝှက် ပြောင်းနိုင်ခြင်း
- Change the picture - ပုံပြောင်းနိုင်ခြင်း
- Change the account type - လုပ်ပိုင်ခွင့်များ ပြောင်းနိုင်ခြင်း
- Delete the account - accountအား ဖျက်ပစ်နိုင်ခြင်းများအား မိမိလိုသလို ပြင်ဆင်ပါ။

Create a password - မိမိ Userလုံခြုံနိုင်ရန်အတွက် စကားဝှက်သည် အဓိကကျပါသည်။ သို့သော် မိမိuserသည် Administrator priviledgeရထားပါက privateလုပ်ထားသင့်သည်။ အဘယ်ကြောင့်ဆိုသော် အခြား Userသည် Administrator ဖြစ်ပါက သင်၏ အချက်အလက်များ လုံခြုံမှု မရှိတော့ပါ။

- type a new password
- type the new password again to confirm
- type a word or phrase to use as a password hint (မိမိ စကားဝှက်အား မှတ်မိလွယ်စေရန် password
hint အတွက် စကားလုံး (သို့) စကားစု ရိုက်ထည့်ပါ။
ထို့နောက် Create passwordကို နှိပ်ပါ။
{ Create New User Account - Part (2)အား ဆက်လက် လေ့လာပါ။ }
ဆက်ဖတ်ရန်

February 7, 2009

Net Send In XP

Net Sendဆိုတာ Networkပေါ်တွင်ရှိသော ကွန်ပျူတာများ တစ်လုံးနှင့်တစ်လုံး Messageများ လှမ်းပို့နိုင်သည့် Commandဖြစ်သည်။ Windows XP SP2၌ Net Sendသည် တစ်ကြီမ်တည်းတွင် အလုပ်မလုပ်ပါ။ အဘယ်ကြောင့်ဆိုသော် XP SP2သည် Messanger Serviceကို ပိတ်ထားခြင်းဖြစ်သည်။ Net Sendအသုံးပြုရန်အတွက် ၄င်း Serviceကို ပြန်ဖွင့်ဖို့ လိုပါတယ်။ ၄င်း Serviceကို ဖွင့်ရန်....
(၁) Windows Logo + Rနှိပ်၍ services.mscကို ရိုက်ထည့်ကာ okကို clickလုပ်ပါ။
(၂) Services Windowပေါ်လာပြီး Messanger serviceကိုရှာပါ။ Disableလုပ်ထားတာကို တွေ့ရပါလိမ့်မည်။
(၃) Enableလုပ်နိုင်ရန်အတွက် ထို Messangerပေါ်တွင် R-clickနှိပ်၍ ပေါ်လာသော Menuမှ Propertiesကို ဆက်နှိပ်ပါ။
(၄) ပုံတွင်ဖော်ပြထားသည့်အတိုင်း Enable/Automaticရွေး၍ Okနှိပ်ပါ။ ထို့နောက် Services Local အောက်တွင် Serviceကိုဖွင့်ရန် Startကို နှိပ်ပါ။ Services Windowကို ပိတ်လိုက်ပါ။ ဒါဆို ဖွင့်ပြီးသွားပါပြီ။

Net Sendလုပ်ရန်...
(၁) Windows Logo + Rနှိပ်၍ CMDကို ရိုက်ထည့်ပါ။
(၂) Cmd.exe Windowတက်လာသော အခါ အောက်ပါ Net Send commandကို ရိုက်ထည့်ပါ။ ပုံအတိုင်းကြည့်ပါ။

( net send COM1 Hi! How are you? R U busy?)

- net send သည် net send commandအမည်

- COM1သည် ကွန်ပျူတာအမည်

- Hi How are you? R u busy? သည် မိမိရိုက်လိုသော Messageဖြစ်သည်။


(၃) ရိုက်ထည့်ပြီးက Enterခေါက်လိုက်ပါ။
(၄) မိမိ၏ Messageသည့် အခြားကွန်ပျူတာ၏ screen ပေါ်တွင် Message boxပေါ်လာပါလိမ့်မည်။


မှတ်ချက်။ net sendလုပ်နိုင်ရန် မိမိနှင့် အခြားကွန်ပျူတာများသည် Administrator rightsရှိရမည်။

Messanger serviceကို ကွန်ပျူတာ အားလုံးဖွင့်ရမည်။

ဆက်ဖတ်ရန်

Setup Home or Small Office Network

ဒီအကြောင်းအရာကို မတင်တော့ဘူးလို့ အရင်က စဉ်းစားခဲ့တယ်။ ဒါပေမယ့် ပြောပြခဲ့တဲ့ အကြောင်းအရာတွေကော၊ အသစ်တင်တဲ့ အကြောင်းအရာတွေပါ ဒီအကြောင်းအရာနဲ့ အများကြီး ပါတ်သတ်နေပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် စိုက်ထားတဲ့သစ်ပင် အသီးဝေဆာအောင် ပျိုးထောင်ရမယ်လေ။
ရုံးတစ်ရုံးဖြစ်ဖြစ်၊ အိပ်တစ်အိမ် အတွင်း အနီးဆက် ကွန်ပျူတာကွန်ယက် ချိပ်ဆက်နိုင်ရန် မိမိတွင်..
(က) Modem၊ (ခ) Switch/Hub၊ (ဂ) RJ45၊ (ဃ) Network Wire cables၊ (င) Network Card၊ (စ) NIC - Network Operating Systemများ လိုအပ်ပါသည်။ အင်တာနက်ရပြီးသား ကွန်ပျူတာများအတွက် တပ်ဆင်ပြီးသား ဖြစ်ပါသည်။
Stetup Home of Small Officeကို စတင်ချိပ်ဆက်မယ်ဆိုရင် ဦးစွာ ....
၁။ Desktopပေါ်တွင်ရှိသော My Network Placesကို ဖွင့်ပါ။

၂။ ပေါ်လာသော Windowsမှ Right Panelတွင် Setup a Home or Small Office Networkကိုနှိပ်ပါ။
၃။ Welcome dialog boxပေါ်လာသောအခါ Next ကိုနှိပ်ပါ။ Welcome boxတွင် သင်လုပ်နိုင်သည့် အရာများကို ဖော်ပြထားပါသည်။
(a) Share an internet connection
(b) Set up Windows Firewall
(c) Share files and folders
(d) Share printers။ မှတ်ချက်။ ။ ဖော်ပြချက်တွင် မပါသည့်အရာများ ရှိပါသည်။ ဥပမာ- Share hardware such as CD-Drive, Local Disk, USB Memory stick/card/ External HDDစသည်တို့ကို ပြုလုပ်နိုင်ပါသည်။

၎။ နောက်စာမျက်နှာတွင် Checklist for creating Networkအတွက် စစ်ဆေးရမည့် အချက်အလက်များ ဖြစ်သည်။ ဥပမာ -
(a) Install Network cards, Modems, and cables စသည့် စက်ပစ္စည်းများတပ်ဆင်ထားရမည်။
(b) Turn on all computers, printers, and external modemsများကို ဖွင့်ထားရပါမည်။
(c) Connect to the internet - အင်တာနက်ချိပ်ဆက်မှု ရှိရမည်။
ထို့နောက် Nextကို နှိပ်ပါ။
၅။ ထို့နောက် connection methodကို ရွေးရပါမည်။ များသောအားဖြင့် Small officeသည် ဒုတိယ connection methodကို ရွေးလေ့ရှိသည်။ ထို့နောက် nextကိုနှိပ်ပါ။ ဆိုလိုသည်မှာ ..

> This computer connects to the internet through a residential gateway or through another computer on my network. ဤကွန်ပျူတာသည် အင်တာနက် connectionကို Residential gateway သို့ အခြားကွန်ပျူတာမှ ရရှိသည်။

၆။ နောက်တဆင့်သည် computer ဖော်ပြချက်နှင့် အမည်ကို ပေးရပါမည်။ ထို့နောက် Nextကို နှိပ်ပါ။ အောက်ပါပုံအား ကြည့်ပါ။

၇။ နောက်တစ်မျက်နှာသည် Workgroud Nameပေးရပါမည်။ Workgroup nameရိုက်ထည့်၍ Nextကို နှိပ်ပါ။


၈။ ထို့နောက် Files and Printers sharingလုပ်နိုင်ရန်အတွက် ဖွင့်၏၊ မဖွင့်၏ကို ရွေးရပါမည်။ ပေးထားသည့်အတိုင်း ထားထား၍ Nextကိုနှိပ်ပါ။
၉။ နောက်စာမျက်နှာသည် မိမိလုပ်ထားသည့် Network settingsများကို ဖော်ပြထား၍ အသင့်အနေအထား ရှိနေကြောင်းကို ပြောပြပါသည်။ Nextကိုနှိပ်ပါ။

၁၀။ ဤအဆင့်သည့် setting upလုပ်ပါသည်။ နောက်ဆုံးအဆင့်ဖြစ်သည့် You're almost done၌ Just finish the wizard ကို အမှန်ခြစ်ပြ၍ Nextကိုနှိပ်ပါ။
၁၁။ Finished ကိုနှိပ်၍ Computerအား Rebootလုပ်ပါ။

၁၂။ ကွန်ပျူတာ ပြန်တက်လာသောအခါ My Networl places > View Workgroup computerအား နှိပ်ပါက Network ချိပ်ဆက်မှုရှိသော ကွန်ပျူတာများကို တွေ့ရပါလိမ်မည်။

မှတ်ချက်။ ။ ဤ Network Setupသည့် Windows XPဖြင့် Setupလုပ်ပါသဖြင့် XPဖြင့်သာ တင်ပြသွားပါသည်။
ဆက်ဖတ်ရန်

January 8, 2009

Statistics Widget for Blogger ထည့်ကြမယ်

Statistics Widget for Blogger ဆိုတာ မိမိ၏ Blogထဲတွင် Postingအရေအတွက်နှင့် Comment အရေအတွက်တို့ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ထည့်ချင်တယ်ဆိုရင်
  • Blogger Account ထဲဝင်ပါ။ Layout tabကိုနှိပ်၍ Add a Gadgetကိုနှိပ်ပါ။
  • HTML/JavaScript Widgetကိုနှိပ်၍ အောက်ပါ codeကို ကူးယူ၍ pasteလုပ်ပါ။ အစိမ်းရောင် ပြထားသည့် လိပ်စာတွင် မိမိ၏ Blogလိပ်စာ ထည့်လိုက်ပါ။
...................................................................................................

<script style="text/javascript">
function numberOfPosts(json) {
document.write('Total Posts: <b>' + json.feed.openSearch$totalResults.$t + '</b><br>');

}
function numberOfComments(json) {
document.write('Total Comments: <b>' + json.feed.openSearch$totalResults.$t + '</b><br>');
}
</script>

<ul><li><script src="http://yourblog.blogspot.com/feeds/posts/default?alt=json-in-script&callback=numberOfPosts"></script></li>
<li><script src="http://yourblog.blogspot.com/feeds/comments/default?alt=json-in-script&callback=numberOfComments"></script></li></ul>
....................................................................................................................................


  • Saveနှိပ်ပါ။
ဆက်ဖတ်ရန်

January 4, 2009

Net Meeting အကြောင်းတစေ့တစောင်း

Net Meeting ဆိုတာ Networkတစ်ခုမှာ ကွန်ပျူတာများနဲ့ အစည်းအဝေးလုပ်လို့ရတဲ့ နည်းပညာတစ်ခုပါ။ ဒါကို တပည့်တွေနဲ့အတူ လုပ်ခဲ့တာနဲ့ပတ်သတ်ပြီး တပည့်တွေက အဝေးတစ်နေရာဘဲ ရောက်ရောက် ပြန်ကြည့်နိုင်အောင် တင်ဖို့ တောင်းဆိုထားပါတယ်။ Net Meetingနဲ့ ပတ်သတ်ပြီး သိထားသူလည်းရှိသလို မသိသေးတဲ့ ကွန်ပျူတာပိုးတွေအတွက် လေ့လာရအောင်လို့ပါ။
Net Meeting နဲ့ပတ်သတ်ပြီး သင်လုပ်နိုင်သောအရာများမှာ Transfer files, Whiteboard, Chat(English), Share Programs, Speaking, Recording Sound and Webcanများဖြစ်ကြပါသည်။
  1. Windows Logo + R နှိပ်၍ "conf" ရိုက်ထည့်ပြီး Enterနှိပ်ပါ။ ဒီ dialog boxလေး ထွက်လာပါမည်။ Next နှိပ်ပါ။

  2. My directory information box လေးထွက်လာပါမည်။ မိမိ၏ အချက်အလက်များ ရိုက်ထည့်ပါ။ သို့မှသာလျှင် အခြားကွန်ပျူတာမှ သင်၏ အချက်အလက်များကို သိနိုင်မည်။ ထို့နောက် Nextကို နှိပ်ပါ။

  3. နောက် dialog boxတစ်ခုမှာ > Log on to a directory server when NetMeeting starts (NetMeeting ဖွင့်လိုက်သည့်အခါ directory serverထဲကို ၀င်ဖို့ပါ)။ > Do not list my name in the directory (Directoryထဲမှာ မိမိ၏ Name ကို မဖော်ပြရန် တောင်းဆိုတာပါ)။ ဒါကို အမှန်ခြစ် ဖြုတ်နိုင်ပါတယ်။ ထို့နောက် Nextကို နှိပ်ပါ။

  4. နောက် Dialog boxက မိမိ၏ Connection speedကို ရွေးခိုင်းတာပါ။ ကျနော်က Local Area Connectionကို သုံးပါမယ်။ ထို့နောက် Nextကို နှိပ်ပါ။

  5. နောက်တစ်ဆင့်က NetMeeting Iconကို ဘယ်မှာထားချင်တယ် ဆိုတဲ့ ရွေးချယ်မှုပါ။ Desktopမှာ ထားချင်တယ်၊ Quick Launchမှာ ထားချင်တယ်ဆိုတဲ့ ရွေးချယ်မှုပါ။ ရွေးချယ်ပြီးက Nextကို နှိပ်ပါ။

  6. နောက်တစ်ဆင့်က Audio Tuningအတွက် အသံနဲ့ပတ်သတ်တဲ့ Programကို ဖွင့်ထားခဲ့ရင် ပိတ်ဖို့ အသိပေးထားချက်ပါ။

  7. ဒီအဆင့်မှာတော့ Audioအတွက် သင့်စက်ထဲတွင်ရှိသော Wave deviceကို မှန်၊ မှန်ရွေးချယ် ခိုင်းတာပါ။ Recording and Playebackမှာ ရွေးနိုင်ပါတယ်။ မိမိ၏ deviceအား ဖော်ပြထားပြီးသားပါ။ ထို့နောက် Nextကိုနှိပ်ပါ။

  8. ဒီအဆင့်မှာတော့ သင့်၏ speakerနဲ့ headphoneအား ကွန်ပျူတာနဲ့ ချိပ်ဆက်မှု ရှိ၊ မရှိနဲ့ playback အတွက် လက်ခံ၊ မခံ စစ်ဆေးတာပါ။ ပြီးက Nextကိုနှိပ်ပါ။

  9. ဒီအဆင့်မှာတော့ မိမိ၏ Microphone၏ အသံအလုပ် လုပ်၊ မလုပ်နဲ့ သင့်တော်မှု ရှိ၊ မရှိ စစ်ဆေးတာပါ။ သင်ကိုယ်တိုင်လည်း " " ထဲတွင်ရှိသော စာသားအား ပြောကြည့်ရပါမည်။ ထိုအချိန်တွင် အစိမ်းရောင် အသံလှိုင်း ထွက်လာပါမည်။

  10. ထို့နောက် Tuning ပြီးကြောင်း ဖေါ်ပြပြီး Finish ကိုနှိပ်ပါ။
  11. NetMeeting dialog boxထွက်လာပါပြီ။ ကျနော်က Networkမှာရှိတဲ့ ကွန်ပျူတာတွေနဲ့ပဲ Meeting လုပ်ပါမယ်။ ထို့ကြောင့် Meeting လုပ်နိုင်ဖို့အတွက် အခြားကွန်ပျူတာရဲ့ IP addressကို သိရပါမယ်။ အခြား users များရဲ့ IP addressကို သိချင်ရင် Net Sendနဲ့ လှမ်းတောင်နိုင်ပါတယ်။ ရသော IP addressကို Phone buttonရဲ့ boxထဲမှာ ရိုက်ထည့်၍ ထို buttonအား နှိပ်ပါ။ မိမိသည် အခြား Userမှ ခေါ်လာခဲ့ရင် Automatic acceptလုပ်နိုင်ရန် Call menu> Automatic accept callsကို နှိပ်ထားပါ။ ခေါ်နေစဉ်အတွင်း ဖုန်းရဲ့ Ringအသံကို ကြားရပါမယ်။ အခြားကွန်ပျူတာမှလည်း လက်ခံရန် dialog box ပေါ်လာပါဦးမယ်။ ထိုလူမှ Acceptလုပ်ရန် Response လုပ်ရပါမယ်။ ဒါဆို အဆက်သွယ် ရပါပြီ။ Name ရဲ့ အောက်မှာ Meeting ထိုင်နေတဲ့ လူတွေရဲ့ အမည်ကို ဖေါ်ပြသွားပါမယ်။


  12. ပထမဦးဆုံး Transfer filesကို တင်ပြသွားပါမယ်။ buttonကိုနှိပ်လိုက်ပါ။ အောက်ဖေါ်ပြပါ ပုံအတိုင်း ဆက်လုပ်ပါ။ ပထမ fileကို Addလုပ်ပါ။ ဒုတိယ -ထည့်သွင်းလိုက်သော fileများကို selectလုပ်ပါ။ တတိယ ပို့မည့် Userကို ရွေးပါ။ (အားလုံး ပို့မယ်ဆိုရင် Allနှိပ်ပါ။)။ တတိယ Transferလုပ်ပါ။ မှတ်ချက် - File menuမှ လည်း လိုအပ်သလို သုံးနိုင်ပါတယ်။

  13. နောက် buttonတစ်ခုက Whiteboardပါ။ Whiteboardကို နှိပ်လိုက်ရင် အခြားUserရဲ့ computer မှာလည်း ပေါ်ပါမယ်။ မိမိ ကြိုက်တာရေး၊ ဆွဲပါ။ အခြားသူ ရေးဆွဲတာကိုလည်း တွေ့ရလိမ့်မယ်။

  14. နောက် buttonတစ်ခုက Chatလုပ်တဲ့ အခန်းပါ။ မိမိ ပြောလိုသော၊ ရိုက်လိုသော စာကို Message: အောက်တွင် ရိုက်ထည့်ပါ။ Send to ဆိုတာ မိမိ ပိုရမည့် User၏အမည်ကို ရွေးရမည်။ ကွန်ပျူတာမှ All ဆိုတာကို ဖော်ပြပါမည်။ အားလုံးကို Conference အနေနဲ့ chattingလုပ်နိုင်ပါသည်။ အကယ်၍ တစ်ဦး တစ်ယောက်ကိုသာ ပို့လိုပါက သွားရွေးရပါမည်။



နောက်ဆုံ buttonတစ်ခုက Share Programsဖြစ်ပါတယ်။ မိမိ shareလုပ်လိုသော programအား အခြား usersများ သုံးနိုင်ရန် ခွင့်ပေးခြင်းဖြစ်သည်။ ဦးစွာ- မိမိ shareလုပ်လိုသော programကို select လုပ်၍ Share buttonကို နှိပ်ရမည်။ Share in true colorသည် Resolution ကောင်းမွန်စွာ ကြည့်နိုင်ရန်အတွက် အမှန်ခြစ်ပြထားရပါမည်။ သို့သော် မိမိ၏ graphic နဲ့ speed ကောင်းမွန်ပါက ပိုသင့်တော်ပါသည်။ Allow controlသည် အခြား userအား အသုံးပြုခွင့် ပေးခြင်းဖြစ်သည်။ Share မလုပ်လိုပါက Unshare ပြန်နှိပ်ပါ။

မှတ်ချက်။ ။

  • NetMeeting လုပ်မည်ဆိုက မိမိကွန်ပျူတာ၏ Userသည် Administrator Rights ရရှိထားရမည်။
  • Control panel မှ Firewall ဖွင့်ထားရမည်။ Windows Firewallမှ Exception tabတွင် Windows NetMeeting ဖွင့်ထားမှု ရှိရပါမည်။
  • NetMeeting စဖွင့်ပါက Windows Security Alertsမှ NetMeetingအား Lock/ Unlockလုပ်ရန် တောင်းဆိုပါမည်။ Unlock လုပ်ရမည်။
  • Service ဖွင့်ရပါမည်။ NetMeeting Remote Desktop Sharing serviceကို ဖွင့်ပါ။

ဆက်လက်ဖော်ပြရန်ရှိသည်။

ဆက်ဖတ်ရန်

January 1, 2009

Camera Iconဖြစ်ပေါ်ပြီး ကွန်ပျုတာကို ထိခိုက်နှောင့်ယှက်သော ဗိုင်းရပ်တစ်မျိုး

ယခုရက်ပိုင်းအတွင်း Gtalkအသုံးပြုသူများထံသို့ Camera Icon ဖြစ်ပေါ်ပြီး ကွန်ပျုတာကို ထိခိုက် နှောင့်ယှက်သော Virusတစ်မျိုး ပါရှိသည့် Message Linkများ ရောက်ရှိလျှက်ရှိကြောင်း သိရသည်။

အဆိုပါ Virusပါရှိသော Message Linkများသည် Gtalkများ အတွင်းသို့ အလိုအလျောက် ၀င်ရောက်လာပြီး ၄င်း Messageတွင် "Waiting for you, view my private cam via secured connection http://h1.ripway.com/db3/privateCam-vol.1.exe " ဟု ဖော်ပြပါရှိကြောင်း သိရသည်။
၎င်း Message linkသည် Private Camera.exe fileကို Download လုပ်ယူရန် ပေးထားခြင်းဖြစ်ပြီး Download လုပ်ယူမိပါက Camera Iconတစ်ခု ပေါ်လာကြောင်း သိရသည်။ ၄င်း Virusသည့် Downloadလုပ်ပြီး နောက်ပိုင်းတွင် မိမိGtalk ထဲရှိ တစ်ဦးချင်းစီကို အလိုအလျောက်ဖွင့်၍ စကားပြောတတ်ကြောင်းနှင့် အလိုအလျောက် Chattingနေစဉ် ကွန်ပျုတာကို အသုံးပြု၍ မရကြောင်းသိရသည်။
ထို့အပြင် အဆိုပါ Virusသည့် ကွန်ပျုတာရှိ Folder Namerများကို ယူ၍ Folder name.exeအဖြစ် ပြောင်းလဲ ပွားများတတ်ပြီး Task Managerနှင့် Registry Editorတို့ကို Disable လုပ်ပိတ်ထားတတ်ကြောင်း သိရသည်။ အဆိုပါ Virusပါ Message Link များသည် Gtalkများထံ အလိုအလျောက် ၀င်ရောက်လျက်ရှိရာ Gtalk အသုံးပြုသူများ အနေဖြင့် ၄င်းMessage ၀င်ရောက်လာပါက အထူးသတိပြု၍ မဖွင့်မိ (Download) မလုပ်မိရန် အထူး သတိပေးလိုက်ပါသည်။ စာရေးသူအနေနဲ့လည်း ဘော်ဒါများကွန်ပျုတာနဲ့ အခြား Internetဆိုင်များတွင် မကြာသေးခင်က တွေ့ရှိ ဖြေရှင်းခဲ့ပါသည်။ ၄င်းVirusကို သတိပြုမိရန်နှင့် ယင်းကဲ့သို့သော Iconများအပြင် အခြား မသင်္ကာဖွယ်ရာ Iconများ မိမိကွန်ပျုတာတွင် တွေ့ရှိပါက မနှိပ်မိရန်နှင့် သက်ဆိုင်ရာ နားလည်သူနှင့် မေးမြန်းစုံစမ်း စေလိုပါသည်။
မှတ်ချက်။ ။ Internet Journalမှ ကိုးကားယူ၍ မိမိ၏ အတွေ့အကြုံနှင့် ပေါင်းစပ်တင်ပြလိုက်ရပါသည်။
ဆက်ဖတ်ရန်

Original Memory Cardများကိုသာ အသုံးပြုသင့်

Digital Cameraနှင့် Mobile phoneများတွင် Memory cardများကို အသုံးပြုရာ၌ ကုမ္ပဏီများမှ Recommandပေးထားသော Original Cardများကိုသာ အသုံးပြုသင့်ကြောင်း သိရသည်။ ယင်းကဲ့သို့ Original Cardများကို အသုံးပြုခြင်းဖြင့် Memory cardများတွင် Virus ၀င်ရောက်ဖျက်ဆီးမှု အားလျော့ချပေးနိုင်မည်ဖြစ်ပြီး Virus ၀င်ရောက်ခြင်းကြောင့် Cardအတွင်းရှိ Dataများ ပျက်ဆီးဆုံးရှုံးမှုကို တားဆီးပေးနိုင်ရန် များစွာ အထောက်အကူပြုပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ "Cameraတွေရဲ့ Memory cardတွေမှာ Virus ၀င်တာတွေ ဖြစ်ပေါ်နေပါတယ်။ ဒါပေမယ့် ကုမ္ပဏီမှ Recommandပေးထားသော Original card တွေမှာက Virusအတွက် လုံခြုံမှုရှိအောင် လုပ်ပေးထားပါတယ်" ဟု SONYမှ ကင်မရာ ကျွမ်းကျင်သူတစ်ဦးက ဆိုထားပါတယ်။
ကင်မရာတွေမှာသုံးတဲ့ Memory cardတွေမှာ Original Cardတွေကို သုံးတယ်ဆိုရင်တော့ အများကြီး အဆင်ပြေတာပေါ့။ Virusကြောင့် Card ပျက်စီးတာတို့ မှတ်တမ်းတင် Data တွေ ပျက်စီးသွားတာတွေကို ကောင်းကောင်း လျှော့ချပေးနိုင်ပါတယ်။ တချို့  Cardတွေဆို Virus၀င်တာများလို့ Dataတွေ လုံးဝ ပြန်မရတာတို့ ရှိပါတယ်။ Restoration Programများနဲ့လည်း ပြန်လည် ရှာဖွေ့လို့ မရတော့တာ များပါတယ်။ Original Cardတွေမှာတော့ Virusအရမ်းပြင်းပြင်း ၀င်ခဲ့ရင်တောင် သူ့ကို Dataပြန်ရှာလို့ ရနိုင်တဲ့ အတွက် အဆင်ပြေပါတယ်"ဟု Camera Service ကျွမ်းကျင်သူ ကိုသူရထွန်းမှ ပြောသည်။
Camera သုံးစွဲသူများ အနေဖြင့် Memory cardများကို အသုံးပြုရာတွင် Dataများ၏ လုံခြုံစိတ်ချရမှုအတွက် Original Cardများကိုသာ အသုံးပြုသင့်ကြောင်းနှင့် Mobile phoneများတွင် ကဒ်အစားထိုး သုံးစွဲမှုနှင့် အခြား Mobileမှ ကဒ်များ ပြောင်းလဲသုံးစွဲမှုများသည်လည်း Functionပြောင်းလဲမှု ဖြစ်သည်သာမက မိမိ၏ Data ပျောက်ရှသွားမှု၊ Cardနှင့် Mobile phoneများကိုလည်း ပျက်စီးစေကြောင်း သိရသည်။

မှတ်ချက်။ ။ Internet Journalမှ ကိုးကားယူ၍ မိမိ၏အတွေ့အကြုံနှင့် တွဲဖက်တင်ပြလိုက်ရပါသည်။
ဆက်ဖတ်ရန်
Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts