Showing posts with label Software (Virus). Show all posts
Showing posts with label Software (Virus). Show all posts

January 1, 2009

Camera Iconဖြစ်ပေါ်ပြီး ကွန်ပျုတာကို ထိခိုက်နှောင့်ယှက်သော ဗိုင်းရပ်တစ်မျိုး

ယခုရက်ပိုင်းအတွင်း Gtalkအသုံးပြုသူများထံသို့ Camera Icon ဖြစ်ပေါ်ပြီး ကွန်ပျုတာကို ထိခိုက် နှောင့်ယှက်သော Virusတစ်မျိုး ပါရှိသည့် Message Linkများ ရောက်ရှိလျှက်ရှိကြောင်း သိရသည်။

အဆိုပါ Virusပါရှိသော Message Linkများသည် Gtalkများ အတွင်းသို့ အလိုအလျောက် ၀င်ရောက်လာပြီး ၄င်း Messageတွင် "Waiting for you, view my private cam via secured connection http://h1.ripway.com/db3/privateCam-vol.1.exe " ဟု ဖော်ပြပါရှိကြောင်း သိရသည်။
၎င်း Message linkသည် Private Camera.exe fileကို Download လုပ်ယူရန် ပေးထားခြင်းဖြစ်ပြီး Download လုပ်ယူမိပါက Camera Iconတစ်ခု ပေါ်လာကြောင်း သိရသည်။ ၄င်း Virusသည့် Downloadလုပ်ပြီး နောက်ပိုင်းတွင် မိမိGtalk ထဲရှိ တစ်ဦးချင်းစီကို အလိုအလျောက်ဖွင့်၍ စကားပြောတတ်ကြောင်းနှင့် အလိုအလျောက် Chattingနေစဉ် ကွန်ပျုတာကို အသုံးပြု၍ မရကြောင်းသိရသည်။
ထို့အပြင် အဆိုပါ Virusသည့် ကွန်ပျုတာရှိ Folder Namerများကို ယူ၍ Folder name.exeအဖြစ် ပြောင်းလဲ ပွားများတတ်ပြီး Task Managerနှင့် Registry Editorတို့ကို Disable လုပ်ပိတ်ထားတတ်ကြောင်း သိရသည်။ အဆိုပါ Virusပါ Message Link များသည် Gtalkများထံ အလိုအလျောက် ၀င်ရောက်လျက်ရှိရာ Gtalk အသုံးပြုသူများ အနေဖြင့် ၄င်းMessage ၀င်ရောက်လာပါက အထူးသတိပြု၍ မဖွင့်မိ (Download) မလုပ်မိရန် အထူး သတိပေးလိုက်ပါသည်။ စာရေးသူအနေနဲ့လည်း ဘော်ဒါများကွန်ပျုတာနဲ့ အခြား Internetဆိုင်များတွင် မကြာသေးခင်က တွေ့ရှိ ဖြေရှင်းခဲ့ပါသည်။ ၄င်းVirusကို သတိပြုမိရန်နှင့် ယင်းကဲ့သို့သော Iconများအပြင် အခြား မသင်္ကာဖွယ်ရာ Iconများ မိမိကွန်ပျုတာတွင် တွေ့ရှိပါက မနှိပ်မိရန်နှင့် သက်ဆိုင်ရာ နားလည်သူနှင့် မေးမြန်းစုံစမ်း စေလိုပါသည်။
မှတ်ချက်။ ။ Internet Journalမှ ကိုးကားယူ၍ မိမိ၏ အတွေ့အကြုံနှင့် ပေါင်းစပ်တင်ပြလိုက်ရပါသည်။
ဆက်ဖတ်ရန်
Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts