Showing posts with label Windows. Show all posts
Showing posts with label Windows. Show all posts

November 26, 2009

Turn On Remote Desktop in Windows 7 and Vista

Windows 7 နှင့် Vistaသည် ပုံမှန်အားဖြင့် Remote Desktopအား ပိတ်ထားပါသည်။ သို့သော ၄င်းအား လွယ်ကူစွာဖြင့် ဖွင့်နိုင်ပါသည်။ မိမိ၏ Vistaအား တခြားကွန်ပျူတာမှ လှမ်းကြည့်ချင်ပါက Remote Desktopအား ဖွင့်ဖို့လိုအပ်ပါသည်။

မှတ်ချက်။ ။ Remote Desktopသည် Business, Profesional, Ultimate Versionsတွင်သာ ပါပါသည်။ Home Editionတွင် ယင်းမပါပါ။

  1. System Configuration Page ကို သွားရပါမယ်။ ခေါ်တဲ့နည်း (3)နည်းရှိပါတယ်။ (၁) - Start menu ခေါ် ၊ Menuမှ Computer ပေါ်တွင် Right-clickနှိပ်ပြီး ပေါ်လာသော Menuမှ Properties ကိုနှိပ်ပါ။ (2) Start Menuကိုခေါ်ပါ။ Search boxတွင် Systemကို ရိုက်ထည့်၍ Enterခေါက်ပါ။ (၃) Control Panel > Systemကိုလည်း နှိပ်နိုင်ပါသည်။
  2. System Properties Windowsရဲ ဘယ်ဘက်အပိုင်းတွင် Remote Settingကို တွေ့ရပါမည်။ နှိပ်လိုက်ပါ။

  3. System Properties Dialog Boxမှ Remote Tabအောက်တွင် "Allow Remote Assistance connection to this computer"ကိုအမှန်ခြစ်ပြပါ။ Remote Desktop အောက်တွင် တတိယရွေးချယ်မှုကို နှိပ်လိုက်ပါ။

  4. Allpy > Ok
ဆက်ဖတ်ရန်

How to Create Password Reset Disk in Vista Using USB

လူတိုင်း လူတိုင်း မည့်သည့်အရာ၊ ကိစ္စ မဆို တခါတရံ မေ့တတ်ပါတယ်။ သို့ဖြစ်ပါ၍ ကွန်ပျူတာ အသုံးပြုသူများသည် ပို၍ မေ့လွယ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော အချက်အလက်များစွာအား ဦးနှောက်ထဲသို့ ထည့်သွင်းရပါသောကြောင့်ဖြစ်သည်။

အခုတင်ပြမည့် အကြောင်း အရာကတော့ USB Flash Driveကို အသုံးပြ၍ Windows Vista Admin Passwordအား (Reset) ပြန်လည် ပြင်ဆင်နိုင်ရန်အတွက်ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှု အနေနဲ့ပေါ့။ တခါတရံ မိမိရဲ့ Passwordကို တခြားတယောက်ယောက်အား ပေးသိထားပြီး Passwordအသစ်ကို ခဏခဏ ပြောင်းလိုက်ရင် မေ့နိုင်ပါတယ်။ ဒါ့ကြောင့် User Passwordကို ထည့်လိုက်တာနဲ့ Password Resetလုပ်ဖို့ သင့်ပါတယ်။
အကယ်၍ Windows Vista Userနဲ့ Password တစ်ခုခုအားမှားယွင်းစွာ ရိုက်ထည့်လိုက်ပါက Error Message ထွက်လာမည်မှာ သေချာပါတယ်။
Reset Passwordလုပ်ဖို့ USB တစ်ချောင်းတော့ လိုလိမ့်မယ်။ Floppy Diskကတော့ အခုခေတ်မှာ အသုံးနည်းသွားပါပြီ။ ဒါ့ကြောင့် USBနဲ့ Reset Diskလုပ်ပါမယ်။ အောက်ပါအတိုင်းလုပ်ပါ။

  • ဦးစွာ USB Flash Driveအား ကွန်ပျူတာနှင့် ချိတ်ဆက်လိုက်ပါ။
  • Start Menu > Control Panel > User Account and Family Safety နှိပ်ပါ။
  • ထို့နောက် User Accounts ကိုနှိပ်ပါ။
  • ထို့နောက် ဘယ်ဘက် Paneတွင် Create a password reset diskကို Task ရဲ့အောက်မှာနှိပ်ပါ။

  • ထို့နောက် Password Reset Wizard's Welcome Screen Dialog Boxထွက်လာပါက Nextနှိပ်ပါ။

  • နောက်တစ်မျက်နှာတွင် I want to create password key disk in the following driveတွင် USB Driveကို တွေ့ပါမည်။ မဟုတ်ပါက ထပ်ရွေးပြီး Nextကိုနှိပ်ပါ။
  • လက်ရှိ User Password Boxထဲတွင် လက်ရှိ Userရဲ့ Passwordကို ရိုက်ထည့်လိုက်ပါ။ ထို့နောက် Nextကိုနှိပ်ပါ။ အကယ်၍ မိမိUserတွင် Passwordမရှိသေးပါက Password boxကို အလွတ်ထားလိုက်ပါ။ အရင်ဦးဆုံးထည့်ထားပါက ကောင်းပါလိမ့်မည်။


  • Prograss Barက ၁၀၀%ပြည့်သွားပါက Finishကိုနှိပ်ပါ။ USBကို မလိုအပ်သေးပါက ဖြုတ်နိုင်ပြီး လိုအပ်လျင် ထို USBအား နံမည်တပ်မည်/ သို့မဟုတ် အနာဂတ်မှာ Password Rest အသုံးပြုဖို့ အမှတ်အသားပြုနိုင်ပါသည်။
  • Password Reset Disk လုပ်ပြီးသွားပါပြီ။

Windows Vistaတွင် Password မေ့သွားပြီး Reset လုပ်လိုပါက.

  • USBကို ကွန်ပျူတာနှင့် ချိတ်ဆက်လိုက်ပါ။ ထို့နောက် ကွန်ပျူတာကိုဖွင့်လိုက်ပါ။
  • Longo နေရာရောက်နေပါက Reset Passwordကိုနှိပ်ပါ။

  • Password Reset Wizardတွင် Next ကိုနှိပ်ပါ။


  • ထို့နောက် The password key disk is in the following drive list စာသားအောက်တွင် မိမိ Reset Diskကို ရွေးပြီး Nextကိုနှိပ်ပါ။
  • နောက် Screenတစ်ခုတွင် Password အသစ်ကို ရိုက်ထည့်ပါ။ Confirmဖြစ်ဖို့ နောက်တစ်ခေါက် ရိုက်ထည့်ပါ။ Nextကို ထပ်နှိပ်ပါ။
  • နောက် Screenတစ်ခုတွင် ခုဏကရိုက်ထည့်တဲ့ Passwordကို ထပ်ရိုက်ပါ။ Confirm fieldတွင် ထပ်ရိုက်ပါ။ Password hintကိုထည့် Passwordမှတ်မိလွယ်အောင် ရိုက်ထည့်နိုင်ပါသည်။

  • ထပ်ပြီး Nextကို ထပ်နှိပ်ပါ။ Wizardကို Finishနှိပ်၍ ပိတ်လိုက်ပါ။
  • နောက်ဆုံး Vista Userအား Passwordအသစ်ဖြင့် ရိုက်သွင်း ၀င်လိုက်ပါ။

မှတ်ချက်။ ။ USBနဲ့ Password Resetလုပ်တာနဲ့ ပတ်သတ်လို့ မည်သည့် Vista Edition မဆို ပြုလုပ်နိုင်ပါတယ်။ သို့ပေမယ့် မိမိ Vistaကို Password Reset Disk လုပ်ထားတဲ့ USBကို တခြားကွန်ပျူတာအား အသုံးပြု၍ မရပါ။ ယင်း USB Reset diskအား လုံးခြုံသည့်နေရာတွင် ထားရပါမည်။










ဆက်ဖတ်ရန်

August 14, 2009

Run Boxထဲမှာ gpedit.msc ဖွင့်လို့ မရပါက

ယ်ုမုသှေ်ယာ့ဝးသာ လ်ုယုကွန်ပျူတာ run box ဖိုင်ဏှ် gpedit.msc ဍောဟ်လင်ဏေ၀်လိုင်အေး.. မ်ုဝးမာ ပ်ုသှေ်လယ့်ဏှ် စ်ာဂုဏ်စ်ာတာဝး ဆေ၀်လှ်.
ကျွန်တော်ဘာ လုပ်ရမှာလဲ။ Run Boxထဲမှာ gpedit.mscရိုက်ထည့်လို့ မရလို့ ဘယ်လိုလုပ်ရမယ်ဆိုတာ ကျေးဇူးပြု၍ ပြောပြပါဦး။

မေးလာပါတယ်။


ဒါကို မဖြေကြားခင် ကျွန်တော် မေးခွန်တစ်ခု ထုတ်ချင်ပါတယ်။

သင်၏ Windows XPက Home Editionဖြစ်နေပါသလား။ Home Editionဆိုရင် gpedit.msc (Group Policy Editor) မပါလာပါဘူး။ အဘယ်ကြောင့်ဆိုသော XP Homeသည် Standalone versionဖြစ်သောကြောင့်ဖြစ်သည်။

Windows Vista ဖြစ်နေပါက Vista Home Premiumဆိုရင် gpedit.mscမပါလာပါ။ Vista Business, Ultimate and Enterpriseဆိုရင် ပါလာပါတယ်။ တိကျတဲ့ Informationကို သိချင်ရင်တော့ ဒီ Forumမှာ ၀င်ကြည့်နိုင်ပါတယ်။
အကယ်၍ တခြား Version အထူးသဖြင့် Windows XP Proဆိုရင်တော့ ပါလာပါတယ်။ ပါလာရဲ့သားနဲ့ ခေါ်လို့ မရသေးဘူးဆိုရင် Virus ကြောင့် အများဆုံးဖြစ်နိုင်ပါတယ်...

Registry Editorထဲမှာ သွားပြီး ပြင်ဆင်နိုင်ပါတယ်။ သို့ပေမယ့် Registry Editorထဲတွင် အပြင်အဆင် မှားသွားပါက မိမိ၏ Windows problemsများစွာ ဖြစ်လာနိုင်သောကြောင့် မတင်ပြချင်ပါ။ ထို့ကြောင့် Consoleထဲတွင် သွင်းထည့်နိုင်ပါသည်။
  • Start menu > Run > "mmc"ကို ရိုက်ထည့်ပါ။ Consoleဖွင့်ခြင်းဖြစ်သည်။
  • Console 1 Windowမှ File menu> Add/Remove snap in...ကိုနှိပ်ပါ။
  • Add/Remove snap in.. dialog boxမှ Add buttonကိုနှိပ်ပါ။ ပုံပါအတိုင်းဖြစ်သည်။
  • ထို့နောက် Add Standalone snap-in dialog boxမှ Available Standalone snap-ins အောက်ကိုသွားပြီး Group Policy Object Editorကို selectလုပ်ကာ Add buttonနှိပ်လိုက်ပါ။
  • ထို့နောက် Finish buttonကို နှိပ်လိုက်ပါ။ Okဆက်နှိပ်ပါ။ Saveလုပ်ပါ။
  • ဒါဆိုရင် gpedit.msc ပေါ်လာပါပြီ။
အကယ်၍ မရသေးပါက အကြောင်းကြားပါရန်။
ဆက်ဖတ်ရန်

February 23, 2009

Hide Local Disk

မိမိ၏ ကွန်ပျူတာထဲတွင်ရှိသော Local Diskများအား ဖျက်လိုပါက ...

၁) Desktopပေါ်တွင်ရှိသော My Computer Iconပေါ်တွင် R-clickနှိပ်၍ Manageကိုနှိပ်ပါ။

၂) Computer Management အောက်တွင် Disk Managementကို နှိပ်ပါ။

၃) အလယ် panelတွင် Locla Disk (C)နှင့် (D)ကို တွေ့ပါလိမ့်မည်။ Local Disk (D)ပေါ်တွင် R-clickနှိပ်၍ ပေါ်လာသော Menuမှ Change Drive letters and pathsကို နှိပ်ပါ။


၎) Dialog boxထွက်လာသောအခါ Remove ကိုနှိပ်၍ OKကိုနှိပ်ပါ။ ဖွက်ထားလိုက်ပါပြီ။ ပုံအတိုင်း ပျောက်သွားပါပြီ။






၅) ပြန်ဖေါ်လိုပါက - Computer Management > Disk Managment > R-click " " > Change Drive Letters and pahtsနှိပ်ပါ။

၆) နောက် Dialog boxတွင် Addကို နှိပ်ပါ။


၇) နောက် dialog box တစ်ခုတွင် Addလုပ်ရန် Dကို ရွေးထားသဖြင့် Ok နှိပ်ရုံပါ။ ဒါဆိုရင် D ပြန်ပေါ်လာပါပြီ။

Comment လေးများ ပေးသွားပါဦးလား။
ဆက်ဖတ်ရန်

February 22, 2009

Creating User Accounts - Part 3

ဤသင်ခန်းစာနှင့် ပတ်သတ်၍ တင်ပြဖို့ အချိန်ကြာသွားပါသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၀၉ Januaryလက ထုတ်လွင့်သော Windows 7ကို စိတ်ဝင်စားသွားပြီး ကျွန်တော့်ရဲ့ ကွန်ပျူတာမှာလည်း Windows 7 တင်ဖြစ်လိုက်တယ်။ ကျွန်တော့အမြင်မှာတော့ Window Vistaထက် ကောင်းတယ်လို့ ထင်ပါတယ်။ ပို၍ မြန်ဆန်လာပါတယ်။ Vistaကို သုံးရတာ သိပ်အဆင်မပြေဘူး။ မဆင်မပြေတာက XPလောက် မကောင်းလို့ပါ။ တော်သေးပါရဲ့ မ၀ယ်ဖြစ်တာ။ ကဲ ကောင်းပြီ။ Windows 7 နဲ့ပဲ တင်ပြသွားပါမယ်။

User Account ဖန်တီးရန် ....

၁) Desktopပေါ်မှာရှိတဲ့ My Computer Iconပေါ်တွင် R-clickနှိပ်၍ ပေါ်လာသည့် Menuမှ Manageကို နှိပ်ပါ။

၂) Computer Management Windowမှ Left panelတွင် Local Users and Groupsအောက်မှ User ကိုနှိပ်ပါ။

၃) ထို့နောက် Users panelတွင် လွတ်နေသော နေရာ၌ R-clickနှိပ်၍ ပေါ်လာသော Menuမှ New Userကို
နှိပ်ပါ။


၎) New User dialog boxတွင် User name, Full name, Description, Password, Confirm passwordတို့
ကို မိမိလိုသလို ရိုက်ထည့်လိုက်ပါ။ ပုံတွင် ပြထားသည့်အတိုင်း ကိုးကားပါ။ ထို့နောက် Confirm password
အောက်တွင် User cannot change password (သို့) Password never expiresကို ရွေးပါ။ ထို့နောက်
Create ကို နှိပ်ပါ။ ပြီးက Close buttonကို နှိပ်ပါ။ ဖန်တီးပြီးသွားပါပြီ။ သို့သော် ထိုuserသည် ရိုးရိုး User
သာဖြစ်သည်။



- မိမိပြုလုပ်လိုက်သော Userပေါ်တွင် R-clickနှိပ်၍ Propertiesကို နှိပ်လိုက်ပါ။


၆) Moe properties dialog box တွင် Tab သုံးခုမှ Member of tabကို နှိပ်လိုက်၍ Add buttonကို
ဆက်နှိပ်ပါ။


၇) ထို့နောက် Select Groups dialog boxမှ Advancedကို ဆက်နှိပ်ပါ။ ထို့နောက် Select Groups dialog
box နောက်တစ်ခုပေါ်လာပါမည်။

- ထို dialog boxမှ Find now ကိုနှိပ်၍ မိမိ ပေးလိုသော User typeကို ရွေးချယ်လိုက်ပါ။ ဥပမာ -
Administrator ဆိုပါစို့။ ရွေးချယ်ပြီးက Ok ကိုနှိပ်ပါ။ နောက် Okကို ဆက်နှိပ်ပါ။


၈) ဒါဆိုရင် User type ယူပြီးသွားပါပြီ။ မိမိ၏ User groupသည် နှစ်ခုဖြစ်နေပါသည်။ ၄င်းတို့မှာ
Administratorနှင့် Usersတို့ဖြစ်သည်။ Userကို ဖျက်ပစ်နိုင်ပါသည်။

၉) ဖျက်ပစ်ရန် - Moe properties dialog boxမှ Userကို Selectလုပ်၍ Removeနှိပ်ပါ။ ထို့နောက် Apply
နှိပ်၍ Ok ဆက်နှိပ်ပါ။ ပြီးပါပြီ။

မှတ်ချက်။ ။ သင်သည် User ကန့်သတ်ချက်နှင့် ပတ်သတ်၍ Userတစ်ခု၏ လုပ်ဆောင်နိုင်မှု အချက် အလက်များကို ကန့်သတ်နိုင်ပါသည်။ ဥပမာ- Administrator, Power User, Local User, User စသည်ဖြင့် သတ်မှတ်နိုင်ပါသည်။


Comment လေးများ ဖတ်ချင်ပါတယ်။
ဆက်ဖတ်ရန်
Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts