August 11, 2009

Blogger များသိစေရန်

ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ HTML linkနဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးပါ။ သာမန်အားဖြင့် Blogspotမှပေးသော Linkသည် ရိုးရိုး Linkသာဖြစ်ပါတယ်။ မိမိချိပ်လိုက်သော Linkသည် မိမိ၏ Webpageမှ ထွက်သွားပြီး ထိုLink၏ Webpageသို့သွားပါမည်။ ဒီလိုသာဆိုရင် မိမိ၏ ဧည့်သည်သည် မိမိBlogမှ ထွက်သွားပြီး အခြားနေရာသို့ ရောက်သွားမည်မှာ သေချာပါသည်။ များသောအားဖြင့် မိမိBlogမှ ထွက်မသွားလိုသော ဧည့်သည်သည် ထိုLinkအား Right-clickနှိပ်ပြီး ပေါ်လာတဲ့ Menuမှ New Tab (သို့) New Windowကို ခေါ်ရပါမည်။ ဒါကြောင့် ဤ Postကို တင်လိုက်ရခြင်း ဖြစ်ပါတယ်။

Link ရိုးရိုးသည်။

<a href="http://www.yahoo.com">Go to Yahoo</a>



အောက်ပါအတိုင်း ပေါ်မည်ဖြစ်သည်။
Go to Yahoo

မိမိ၏ Blogမှ မထွက်စေပဲ ယင်း Link၏ New Window pageကို သွားလိုပါက..



<a href="http://www.yahoo.com" target="_blank">Go to Yahoo</a>



အောက်ပါအတိုင်း ပေါ်မည်ဖြစ်သည်။
Go to Yahoo

စမ်းသပ်ကြည့်ပါ။

No comments:

Post a Comment

သင်၏ အကြံပေးချက်လေးတွေကို ဖတ်ချင်ပါတယ်။
ကျေးဇူးပြု၍ စိတ်ရှည်သည်းခံပါ။