July 28, 2009

Flash Animated Labels Tag Cloudထည့်ရအောင်

Blogတိုင်းတွင် ပုံမှန်အားဖြင့် Side Bar၌ Labels widgetများပါပါသည်။ တချို့သော Bloggerများသည် ထိုပုံစံကို မနှစ်သက်ကြပါသည်။ ထို့ကြောင့် မိမိတို့နှစ်သက်သော ပုံစံများကို ရှာဖွေလေ့ရှိပါသည်။ ယခုတင်ပြမည့် အကြောင်းအရာကတော့ Flash Animated Label Tags Cloudဖြစ်ပါတယ်။ နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ မိမိတို့၏ ဧည့်သည်များသည်လည်း ပုံစံသစ် Labelကို နှစ်သက်ကြပါတယ်။ ဒါကြောင့် Styleသစ် တင်ရန် လိုပါသည်။ ကျွန်တော့်ရဲ့ Blogမှာလည်း တင်ထားပါတယ်။ Page နဲ့လိုက်အောင်လည်း အရောင်ပြင်ထားပါတယ်။
ကိုင်း ဒါကို ဘယ်လိုထည့်မှာလဲ?

၁။ Blog Sign In> Dashboard> Layout> Edit HTMLကိုနှိပ်ပါ။ Expend Widgetကို အမှန်ခြစ်ပြဖို့ မမေ့ပါနဲ့။
၂။ အောက်ပါ Codeကိုရှာပါ။


<b:section class='sidebar' id='sidebar' preferred='yes'>


၃။ ရှာထားသော အပေါ်Code၏အောက်တွင် အောက်ပါ codeကို ထည့်သွင်းလိုက်ပါ။

ဤ Codeကို Google Docထဲတွင်ထည့်ထားပါသည်။ ယူပါရန်။

၎။ Save Templateလုပ်ပါ။

မှတ်ချက်။ ။ Page Elementတွင် Label ဆိုသည့် gedgetကို တွေ့ရပါလိမ့်မည်။ မိမိထားလိုသည့် နေရာတွင် ပြောင်းလိုက်ပါ။ width="250" height="200" ကိုလည်းပြောင်းနိုင်ပါသည်။

No comments:

Post a Comment

သင်၏ အကြံပေးချက်လေးတွေကို ဖတ်ချင်ပါတယ်။
ကျေးဇူးပြု၍ စိတ်ရှည်သည်းခံပါ။