July 21, 2009

Blog Postများအား Right-clickလုပ်ပြီး ကူးယူ၍ မရအောင် ကန့်သတ်လိုပါက

ဤ Postသည် HTML (JavaScript)ကို အသုံးပြု၍ မည်သည့် Blog Page (သို့) Webpageမဆို Postများ Righg-clickလုပ်ပြီး ကူးယူ၍ မရအောင် မည်ကဲ့သို့ ကန့်သတ်မည်ကို တင်ပြမည်ဖြစ်သည်။

မိမိ Blogထဲသို့ ၀င်ရောက်လာသော စာဖတ်သူများ၊ တစ်စုံတစ်ယောက်က မိမိ၏ စာသားများ၊ ဓါတ်ပုံများနှင့် အခြားသော မိမိကိုယ်ပိုင်၊ ကိုယ်တိုင်ပြုလုပ်ထားသော မည်သည့်အကြောင်းအရာကိုမဆို ယူလိုပါက ယူလို့မရအောင် ပြုလုပ်ထားခြင်းဖြစ်သည်။ သို့သော် ဤကဲ့သို့ပြုလုပ်ထားခြင်းသည် မှန်ကန်သောလုပ်ရပ်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် မိမိ Blogထဲသို့ ၀င်ရောက်လာသော စာဖတ်သူများ မိမိ၏ Information, imageစသည်တို့ကို လာရောက်ဖတ်ရှု ကြည့်ရှုရုံရန်သာရှိပြီး ရာခိုင်နှုန်းနည်းပါသော စာဖတ်သူများ ရှိပါလိမ့်မည်။ ထိုသို့ ကန့်သတ်လိုက်ပါက စာဖတ်သူများ စိတ်ဆိုးသွားမည်ဖြစ်ပြီး မလုပ်သင့်သော အရာသာဖြစ်သည်။
အကယ်၍ ဓါတ်ပုံများ ကန့်သတ်လိုပါက ထိုဓါတ်ပုံတွင် မိမိ၏ မူပိုင်အမည် (သို့) လိပ်စာကို တပ်ခြင်း ရေးသားထားခြင်းဖြင့် ပို၍ သင့်လျော်မည်ဖြစ်သည်။ ဒါကတော့ ပုဂ္ဂိုလ်ရေးနှင့်သာ ဆိုင်ပါသည်။

ဤကဲ့သို့သော ဖြစ်ရပ်တစ်ခုရှိခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက ဓါတ်ပုံဆရာ။ ဓါတ်ပုံတွေလိုက်ရိုက်ပြီး Blogထဲမှာ တင်တယ်။ သူက ဓါတ်ပုံတွေကို Plainတင်တယ်။ တခြား သူငယ်ချင်းတစ်ယောက်က သူ့ဓါတ်ပုံကိုယူပြီး Blogထဲမှာ ထပ်တင်တယ်။ အဲဒီမှာ ပြသနာက တက်တော့တာပဲ။ ကျွန်တော်အကြံပေးလိုက်တယ်။ ကူးယူခွင့်ပေးမယ် ဒါပေမယ့် ဓါတ်ပုံပေါ်မှာ မူပိုင် (သို့) လိပ်စာတပ်မယ်။ ဓါတ်ပုံကို လုံးဝကူးယူခွင့် မပေးချင်ရင်တော့ ဤနည်းကိုသုံးခိုင်းလိုက်တယ်။ ဒါနဲ့ သူ့ရဲ့အားနည်းချက်ကို သူသိလိုက်တာပေါ့။

အကယ်၍ သင်လည်းပဲ ကူးယူခွင့် မပေးလိုပါက ဤ Code Linkကို ကူးယူနိုင်ပါသည်။


အဲဒီ Codeကို ဘယ်လိုထည့်သွင်းမှာလဲ...
  • Sign in to your blogger dashboad > Layout> Page Elements > Add a Gedget >HTML(JavaScript)
  • Copyလုပ်ထားသော Javascript codeကို Pasteလုပ်လိုက်ပါ။
  • Save လုပ်ပါ။ ဒါဆိုရင် ပြိးပါပြီ။

1 comment:

  1. Righg-clickလုပ်ပြီး ကူးယူလို့မရရင် ctrl+c နဲ့ကောမရဘူးလား

    ReplyDelete

သင်၏ အကြံပေးချက်လေးတွေကို ဖတ်ချင်ပါတယ်။
ကျေးဇူးပြု၍ စိတ်ရှည်သည်းခံပါ။